ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရဟူသော စကားသည် လူသာမန်များ မဆိုထားနှင့် မြတ်ဘုရားရှင် နှင့်သက် ဆိုင်ပါသည်။ ဇာတ်ကြောင်းဤသို့ရှိသည်။
တစ်ခုသော မိုးလရာသီရဲ့ ၀ါဆိုလပြည့်ညချမ်းတစ်ခုမှာ သက္ကတိုင်းအိမ်ရှေ့စံ မင်းသိဒ္ဓတ်သည် အနော်မာကမ်း သို့ လှမ်းထွက်ခဲ့သည်။ အို၊ နာ၊ သေခြင်းကင်းရာကို ရှာချင်လို့၊ တစ်ယောက်တည်း အတွက် မဟုတ်၊ လူသားအာလုံး အတွက်ဖြစ်သည်။
ဂင်္ဂါမြစ်ကြီးကို အကြိမ်ကြိမ်ဖြတ်သန်းပြီး ဥရုဝေလတောသို့ရောက်လာ သည်။ ရှေးဟောင်းကျင့်အားလုံးကို ကျင့် ဆောင်သည်။ အို၊ နာ၊ သေကင်းရာကို ရောက်နိုင်ကြောင်းနည်းလမ်းမဟုတ်မှန်းသိခဲ့ရသည်။ မှားဖူးမှ အမှန်ကို သိရာသည်။
အမှားကို သိရှိပြီးနောက် ပယ်စွန့်ကာ သစ္စာလမ်းပေါ်လျှောက်လှမ်းခဲ့သော မြတ်ဗုဒ္ဓသည် အမှန်တရား အထွတ် အထိပ်သို့ ပရမတ္ထသစ္စာကို သိမြင်သည်။ ငါသိသလို သိစေရမည်ဟူသော ရည်မှန်းချက်ဖြင့် တရားဟောပြီး လမ်းပြသည်။ ဘုရားရှင်ပြသော လမ်းမြင်သူများကို သူတော်စင်ခေါ်သည်။ သမင်တော မိဂဒါဝုန်တွင် သစ္စာ သိ မြင်သော တပည့်ငါးပါးနှင့် အတူ သီတင်းသုံးနေထိုင်တော်မူသည်။
မိုးလရာသီလွန်မြောက်တော့ မိမိတပည့်များကို လူသားမျာအား လမ်းပြဖို့ စေလွှတ်တော်မူသည်။ ကိုယ်တော် တိုင် ဂယာသီသတောင်တန်း သို့ကြွပြီး ရှေးဟောင်းယောဂီကြီးများကို လမ်းမှန်ပြဆောင်တော်မူသည်။ ဂယာတောင် တန်းကြီးနှင့် အနီးဆုံး ရာဂြိုဟ်တွင် မင်းတစ်ပါးအုပ်ချုပ်နေသည်။
ထိုမင်းသည် မင်းသိဒ္ဓတ်သစ္စာတရားရှာဖွေဖို့ရောက် လာစဉ်က မင်းသားသစ္စာတရားများတွေ့ခဲ့ပြီးရင် အကျွနှ်ုပ်ထံ သို့လာခဲ့ပါဦးဟူသော စကားရှိခဲ့ဖူးသည်။ ယခုမြတ်ဗုဒ္ဓသည် ရဟန်းတော်ပေါင်းခြံရံလျှက်ကြွ ရောက် တော်မူခဲ့ပြီ။
ရာဇဂြိုဟ်ပြည့်ရှင်က ကျောင်းဆောင်လုပ် လှူဒါန်းသည်။ ထိုကျောင်းတော်တွင် သီတင်းသုံးနေ ခိုက်မွေး ရပ် မြေသက္ကတိုင်းမှ ဖခမည်း၏ သားတော်ဘုရားကိုတွေ့လိုကြောင်း လာရောက်ခေါ်ဆောင်ကြသည့် တမန်တော် များလာကြသည်။ အဆောတလျင်ကြွတော်မမူခဲ့။
ဖွားဖက်တော် ကာဠုဒါယီ အမတ်လျှောက်ထားသည့်အခါ အချိန်တန်ပြီးမို့ မွေးရပ်မြေ သက္ကတိုင်းသို့ ခရီးရှည် ကြွတော်မူ သည်။
ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီးက နိဂြောဓာရာမကျောင်းကို ဆောက်လုပ်လှူဒါန်းသည်။ ထိုနိဂြောဓာ ရုံကျောင်းတွင် သားတော်ရာဟုလာ သာမဏေဖြစ်တော်မူသည်။ မင်းသိဒ္ဓတ် တောထွက်သွားစဉ် သက္ကတိုင်းသည် အိမ်ရှေ့စံ မဲ့နေသည်။ ခုနှစ်တာကာလ လွန်မြောက်ပြီးနောက် မွေးရပ်မြေ သို့ ပြန်လည် ကြွရောက်လာသော ဘုရားရှင်အား မယ်ယသော်က သားတော်ရာဟုလာ အတွက် အိမ်ရှေ့စံ အဖြစ်နှင့် ရွှေအိုးကြီးများကို အမွေ အဖြစ် အတောင်းခိုင်း သည်။
ရွှေအိုးကြီးတွေပေးလိုက်ရင် ရွှေသူဌေးဖြစ်ပါမည်။ ရွှေသူဌေးသည် အိုးဘေးကို ရွှေဖြင့် မကယ်နိုင်။ ရွှေသူဌေးကြီး အိုရမည်။ ရွှေသူဌေးကြီးနာရဦးမည်။ အပေါ်ယံ အနာကိုရွှေပေးကုလို့ရပေမယ့် ဇရာကို ရွှေပေးလို့ မရနိုင်။ နောက်ဆုံး ဇရာ မောင်းလိုက်လို့ အဆုံးဖြစ်သော သေခြင်းတရားကို ရွှေတွေပေးပြီး မသေပါနှင့်တောင်း ပန်လို့မရနိုင်သည်။ ရွှေသည် အို၊ နာ၊ သေ ဘေးက မလွတ်နိုင်ကြောင်းသိတော်မူသည်။
မင်းမြောက်တန်ဆာများပေးပြီး အိမ်ရှေ့စံရာထူးကို ပေးနိုင်သော်လည်း အမတ်ပေါင်းဝန်းရံခနေသော မင်းအဖြစ် သည်လည်း အိုရဦးမည်။ ရှင်ဘုရင်ဆိုတော့ ရှင်ဘုရင်အိုအိုရမည်။ အိုခြင်းသဘောက မလွတ်နိုင်။ နောက်ဆုံး တစ်နေ့ ရှင်ဘုရင်မို့ ရှင်ဘုရင်သေ သေရမည်။
တိုင်းသူပြည်သားမျာကို အမိန့်ပေးစေခိုင်းနိုင် သော်လည်း သေမင်းကို တိုင်းပြည်အရှင် မင်း၊ ရှင်ဘုရင်တို့ မနိုင်မှန်းသိတော်မူသည်။
ကိုယ်တော်တိုင် လေးသင်္ချေ ပတ်လုံးရှာဖွေတွေ့ရှိတော်မူခဲ့သော သစ္စာတရားသည် အိုခြင်းမရှိ၊ နာခြင်းသဘော ကင်းသည်။ သေ ခြင်းမရှိ၍ အမတဟုထင်ရှားသည်။
ရွှေအိုးနှင့် မင်းဖြစ်ရေး သင်္ကန်းစကို ကိုင်လျှက် ကျောင်းတော် လိုက်လာသော ရာဟုလာသည် မြတ်၏ ဗုဒ္ဓညွှန်ကြား ချက်ဖြင့် သာမဏေဖြစ်တော်မူသည်။
လူဖြစ်လို့ လူ အဖေဆီက လူတို့ရသင့် ရထိုက်သော ရွှေ၊ ငွေ၊ စည်းစိမ်၊ ဥစ္စာ တို့ကိုတောင်းကြသည်။ ပေးကြ သည်။ မြတ်ဗုဒ္ဓသည် လောကီလွန် အမွေကိုပေးဆောင်တော်မူသည်။ လူသာမန်တို့ ပေးရိုးမရှိကြ။
လောကီသုခကို အို နာ သေဖြင့် အာမခံချက်ပေးထားရသည်။ လောကီချမ်းသည် အို နာ သေကို အခပေးပြီး ခံစားရသည်။ လောကီလွန်ချမ်းသာက အို နာ သေကင်းသည်။ လောကီလွန် ချမ်းသာသည် ငြိမ်းချမ်းခြင်း အရသာမြတ်ရှိသည်။
သားတော်ရာဟုလာ ရှင်သာမဏေဖြစ်ပြီး နောက် ရာဇဂြိုဟ်ကို ဘုရားရှင်ပြန်လည်ကြွ ရောက်တော်မူသည်။
လူသာမန်တွေးတွေးကြည့်လျင် ပျော်ရာမှာ မနေရ၊ တော်ရာမှာနေရသည်ဟုရှိသည်။
ဘုရားရှင် အတွက် ပျော်စရာဟုခံစားစရာ မရှိတော့သော်လည်း ဖခမည်းမင်းကြီးနှင့်
ဆွေတော်မျိုးတော် တို့ကို စွန့်ထားပြီး အများသတ္တ၀ါ အတွက် သင့်တော်ရာမှာသာ
သီတင်းသုံးတော်မူသည်။
No comments:
Post a Comment