Pages

Tuesday, March 19, 2013

မုသားမပါ လင်္ကာ မချောလား?


 
ပဉ္စသီလတွင် မုသာဝါဒသိက္ခာပုဒ်သည် ချိုးဖျက်ခြင်းငှာလွယ်ကူသော သိက္ခာပုဒ်ဖြစ်သည်။

အလောင်းတော်မြတ်သည် ပါရမီဖြည့်စဉ် ကာလတစ်လျှောက် ထိန်းခဲ့၊ စောင့်ရှောက်ခဲ့သည်။
 
အခြားသိက္ခာပုဒ်များ ချိုးဖျက်မိသော်လည်း မုသာဝါကို မချိုးဖောက်ကြောင်းသိရသည်။

ယနေ့ မြန်မာစကားတွင် စကားလုံးတစ်စု နာမည်ကြီးသည်။ လူသုံးများသည်။
 
ထိုစကားမှာ “မုသား မပါလင်္ကာမချော” ဖြစ်သည်။
 
လိမ်ပြောရန် တိုက်တွန်းသော စကားဖြစ်သည်။ ပဉ္စသီလကို ဖောက်ဖျက်ရန် စိန်ခေါ်သော စကားဖြစ်သည်၊

အမှန်မှာ၊ “မုသာ မပါ လင်္ကာ မချော”မဟုတ်ပဲ၊
“မုတမပါ လင်္ကာမချော” သာ အမှန် ဖြစ်သည်။

လူတိုင်းတွင် မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော အာရုံ ခြောက်ပါးရှိသည်။

၁။ မြင်ခြင်းကို ဒိဋ္ဌခေါ်သည်။
 
၂။ ကြားခြင်းကို သုတခေါ်သည်။
 
၃။ ကျန်အာရုံများဖြင့် ခံစား၊ ထိတွေ့၊ သိရှိုခြင်းကို မုတ ဆိုသည်။

 
မြင်ကာမျှဖြင့် စာဖွဲ့ပါလျှင် လင်္ကာ မညက်ညောနိုင်ပါ။
 
ကြားရုံသက်သက်ဖြင့် စာစီပါက လင်္ကာ မညက်ညော နိုင်ပါ။

အမြင်၊ အကြားတို့သာမက ကျန်အာရုံများဖြင့်ခံစား၊ ထိတွေ့၊ သိရှိပြီးမှ ရေးသားလျှင်.
 
သို့မဟုတ် ပြောဆိုလျှင် စကားညက်ညောသည်။
 
လင်္ကာမြောက်သည်ဟု ပြောရမည်။ စကားပြေပြစ်သည်။ 

ကြားနာရသူများ နားဝင်ချိုသည်။ ချောမောပြေပြစ်သည်။

“မုသားမပါ လင်္ကာမချော” မဟုတ်ပါ။
 
“မုတမပါ လင်္ကာမချော”သာ ဖြစ်ပါသည်။ 

အမှန်တရားမြတ်နိုးတတ်ပါစေ။

ချမ်းမြေ့ကြပါစေ။


No comments:

Post a Comment