Pages

Monday, March 18, 2013

ထာဝရ မြတ်ဆရာ



ထာဝရ မြတ်ဆရာ
........................
ပျက်စီးတတ်စွာ ထုံးစဉ်လာမို့
သေချာပျောက်ပျက် မငြင်းရက်ပါ။

ကြွေလွင့်တတ်စွာ ဓမ္မတာမို့
သေချာကိုင်ဆွဲ မခိုင်မြဲပါ။

ဖြစ်လာသဘော အပျက်နှောမို့
မပျက်ပြယ်သော မပြောလိုပါ။

ပျောက် ပျက် မခိုင် မပိုင်သဘော
ရှိပါသော်လည်း ..

အရှင့်ဂုဏ်သွင် ပျက်မထင်ပါ။
အရှင့်တန်ဘိုး ဘယ်မငြှိုးပါ။

မြတ်နိုးတတ်ငြား နောက်နှောင်းသားတို့
ရင်မှာ အမြဲရှိမည်ဘုရား။
 အရှင်စန္ဒနသာရ( မန်း)


No comments:

Post a Comment