Pages

Friday, July 20, 2012

အမိမြေ အလွမ်းပြေ




တောင်ပိုင်း ဒြာဗီဒီယန်တို့ နယ်မြေ
ခရီးတိုင်းသည် ပျော်စရာမကောင်းပါ၊ သို့သော် အပျော်ခရီး မဟုတ်ပေမယ့် ကျေနပ်စရာလေးဖြင့် ကြုံရသော အခါ ကြည်နူးရပါသည်။ အမိမြေနှင့် မနီးသော အခြားနိုင်ငံတွင် အမိမြေကြောင်း ပြောပါလျှင် ရင်ခုန်ပါသည်။ နိုင်ငံခြားသားတစ်ဦး အထံမှ မင်္ဂလာပါဟုပြောလျှင် ဘယ်လိုတုံ့ပြန်ရမည် မသိအောင် ကြည်နူးပါသည်။

ထို့အတူ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသာ ခရီးသွားများသည်လည်း သူတို့ ဘာသာ စကားဖြင့် နှုတ်ဆက်ပါလျှင် ၀မ်းသာတတ်ကြသည်။ ပြုံးပျော်ကြည်နူးကြသည်။ အိန္ဒိယနိုင် ငံကြီး သည် ပြည်နယ်ပေါင်းများစွာဖြင့် တည်ထောင်ထားသော ကမ္ဘာ့လူဦးရေ ဒုတိယ အများဆုံးနိုင် ငံကြီးဖြစ် သည်။ ဘာသာ စကား အမျိုးပေါင်း ထောင်ပေါင်းချီရှိကြောင်းသိရသည်။

ဓလေ့ထုံးစံများလည်း ပေါများကြွယ်ဝကြောင်း ဂုဏ်ယူပြောဆိုကြသည်။ လူတို့စိတ်ကို ထိန်းကြောင်းပေးရာ ဘာသာတရားများစွာလည်း ထွန်းကားသည်။ မိမိနိုင်ငံ အတွင်းသာ ကြွယ်ဝချမ်းသာပြည့်စုံနေသည် မဟုတ်၊ အာရှတိုက်တစ်တိုက်လုံးနီးပါးသည် အိန္ဒိယနိုင်ငံကြီး၏ ဘာသာတရား၊ ဘာသာစကား၊ အနုလက်ရာ၊ ခံစားမှု၊ သုခုမစသည်ဖြင့် ဆက်စပ်နေသည်ချည်းဖြစ်သည်။

အိန္ဒိယနိုင်ငံကြီး၏ သမိုင်းနှင့် ယဉ်ကျေးမှု အကြောင်းကို ကောင်းကောင်းနားလည်လိုလျှင် ပြင်ပကမ္ဘာသို့ ခဏထွက်ကြည့်လိုက်ပါဟု ၀န်ကြီးချုပ် နေရူးပြောဆိုဖူးသည်။ ထိုကဲ့သို့ ခိုင်မာသော နူးညံ့သိမ်မွေ့သော၊ အများလေးစားအားကျရသော အိန္ဒိယနိုင်ငံယဉ်ကျေးမှုကို ဗုဒ္ဓဘာသာက အဓိကကျော်ထောက်နောက်ခံပြု ထား သည် ဆိုလျှင် သမိုင်းဆရာများ မငြင်းဆိုကြပါ။

လောလောဆယ် အခြေ အနေကို ရုတ်တရက် မသုံးသပ်ပဲ၊ အတိတ် သမိုင်းတို့ကို ပြန်လှန်လိုက် လျှင် ရွှေရောင် ခေတ်သည် ဗုဒ္ဓလက်ထက်တော်နှင့် အသောကမင်းတို့ အုပ်ချုပ်ရာ ကာလများကို ညွှန်းဆိုကြသည်။

တောင်ပိုင်း၊ မြောက်ပိုင်းအားဖြင့် အိန္ဒိယနိုင်ငံကြီးကို သတ်မှတ်ပြောဆိုကြသည်။ တောင်ပိုင်း သည်ဒြာဗီဒီ ယန် တို့ဒေသဖြစ်သည်။ တမီးနာဒူးပြည်နယ်၊ ကေရလပြည်နယ်၊ ကာနာတကပြည်နယ်၊ အန္ဒရာ ပရာဒတ်ပြည်နယ် တို့ကို ဆိုလိုသည်။ လူမည်းများဟု ဆိုကြသည်။ သမိုင်းကြောင်းပြန်ရောက်ပါ လျှင် ဒြာဗီဒီယန်တို့သည် ဌာနေတိုင်းရင်းသားများဖြစ်ကြောင်းသမိုင်းရှိသည်။

မြောက်ပိုင်းအာရယန်တို့ဒေသတွင် တစ်တာကာလ နေထိုင်ပြီးနောက်၊ တောင်ပိုင်းဒေသသို့ ခရီးဆက်ခဲ့ ရသည်။ အပျော်ခရီး မဟုတ်ပါ။ ကျောင်းတက်ရန် မိုင်ပေါင်းထောင်ချီလာခဲ့ရခြင်းဖြစ်သည်။ 

 အနမလိုက် တက္ကသိုလ် အမှတ်တံဆိပ်
 ချင်းနိုင်းမြို့လေးမှ ငါးနာရီခန့်ဆက်လက်မောင်းနှင်ရသော တောင်ဘက်ပိုင်းရှိ ချစ်းဒမ်းပဒမ်း( Chidambaram city) မြို့လေးသို့ မနက်ခင်းမိုးဖွဲဖွဲတွင် ထွက်ခဲ့ရသည်။ ကားလမ်းဘေးဝဲယာ များသည် မြန်မာနိုင်ငံကဲ့သို့ပင် ရှိသည်။ မန်းကျီးပင်တန်များကို မြင်ရသည်။ 

ပင်လယ်နှင့် နီးသောကြောင့် ခိုင်ခန့်သော ရေဒဏ်ခံသစ်ပင် ပြန့်ပြန့်တောကြီးများကို မြင်ရသည်။ မနက်ကိုးနာရီခန့်တွင် လမ်းတစ်နေရာတွင် မနက်စာ စားကြသည်။ စားသောက်ဆိုင်မှ ထွက်ပြီး အပြင်သို့ ခဏထွက်ကာ လက်ဘက်ရည်( ကုလားခေါ် ချရေ) သောက်နေစဉ် လူတစ်ယောက်အနားသို့ရောက်လာ သည်။ ပြီးတော့ မြန်မာနိုင်ငံအကြောင်းများကိုမေးသည်။ လွယ်အိပ်တွင်ပါ သော မြန်မာစာလုံးများကို လက်ညှိုးထိုးပြသည်။

ရန်ကုန်မြို့ ကြည်မြင်တိုင်တွင်နေခဲ့ဖူးကြောင်း၊ သူ့အသက် ဆယ့်လေးနှစ်တွင် မြန်မာနိုင်ငံ က ပြန်လာ ခဲ့ကြောင်း ပြောပြသည်။ ပို၍ထားခြားသည်မှာ မြန်မာနိုင်ငံ ၏ နိုင်ငံတော် သီချင်း ကမ္ဘာမကြေ ကိုဆိုပြခြင်းဖြစ်သည်။ အပျော်ခရီး မဟုတ်ပေမယ့် ရင်ထဲ လှိုက်လှိုက်လှဲလှဲကြည်နူးမိသည်။

ဤသို့ဖြင့် ချစ်ဒမ်ပဒမ်းမြို့လေးရှိ အနမလိုက်( annamalai university) တွင် ကျောင်းသားဖြစ်ပြီး ကျောင်း နဲ့နီး သော နေရာတွင် တည်းခိုရန် အိမ်ရှာရပြန်သည်။ တက္ကသိုလ်နှင့်နီးသော ရပ်ကွက်တွင် အိမ်တစ် လုံးငှားလိုက်ကြ သည်။ နောက်နေ့တွင် အိမ်ရှင်မိသားစုရောက်လာသည်။ 

 ဒြာဗီဒီယန်များနှင့် အမှတ်တရ
ထူးခြားသည်မှာ အိမ်ရှင်၏ အဖေသည် မြန်မာနိုင်ငံ ဒေးဒရဲမြို့တွင် မွေဖွားသူဖြစ်ကြောင်း မိတ်ဆက်ပေး သဖြင့် ကြည်နူးရပြန်သည်။ သူ့အသက် ခုနှစ်ခန့်က အိန္ဒိယနိုင်ငံသို့ ပြန်လာခဲ့ကြောင်းပြောပြသည်။ လက်အုပ် တစ်ချီချီ ဖြင့် ဘုရားကြီးတစ်ဆူကို ပတ်ခြာလှည့်ပြီး ဘုန်းတော်ကြီးများ ဆွမ်းလောင်းသည် ကို မြင်ဖူးကြောင်း ပြောပြ သဖြင့် အတိုင်း မသိကြည်နူးရသည်။

အမိမြေကို အလွမ်းပြေပြောမိကြသည်။ 

ဘင်္ဂလားပင်လယ်ပြင်ကိုဖြတ်သန်းပြီး မြန်မာနိုင်ငံသို့ လာခဲ့ကြောင်းပြောပြသည်။ လွတ်လပ်ရေးရသော အခါ မြန်မာနိုင်ငံသား မဟုတ်သူများ ကို ပြန်ပို့ရာ တွင် ပြန်လာခဲ့ကြောင်း စကားစပ်မိတိုင်းပြောမိကြသည်။

စကားပြောတိုင်း ဘုန်းကြီး၊ ဘုန်းကြီးဟု ထည့်ထည့်ပြောတတ်သည်။ ကုလားစကားတတ်သည်။ 


No comments:

Post a Comment