Pages

Friday, February 11, 2011

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာ

မိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့သူတို့နေတဲ့ကျောင်းကို ရောက်ခဲ့ရပါသည်။ မြေပြင်ပြန့်ပြန့်တွင် အကန့် လိုက်ဖြစ်အောင် တံမြက်စည်း လှည်းကျင်းထားသည်ကို ကြည်နူးဖွယ်တွေ့ရသည်။ 

သဲဝါ၀ါ နုနုလေးတွေ ခင်း ထားသည်။ ဗောဓိညောင်ပင်အောင်ခြေတွင် လေးမျက်နှာလှအောင် သဲပြင်ကိုခင်း ထားသည်။ သဲပြင် ပေါ် သို့ကြွေကျနေသော ညောင်ရွက်တို့သည်ပင် စိတ်ကို ညွတ်နူးဖွယ်ဖြစ်စေပါသည်။ ဗောဓိ ညောင်ပင်ကို ၀န်း ပတ် ကာရံထားသော အုတ်ရိုးတံတိုင်း၏ လေးမျက်နှာတွင် အရပ်လေးမျက်နှာ သို့ မျက်နှာမူလျှက် စံနေ တော်မူ သော ဗုဒ္ဓရုပ်ပွားတော်တို့ကို ကြည်နူးဖွယ်ဖူးတွေ့ရပြန်သည်။ 

ရင်းနှီးကျွမ်းဝင်နေသော ကျေး ငှက် တို့၏ သာ ယာငြိမ့်ငြောင်းသော သီဆိုနေဟန်တို့ကိုလဲ ကြားရ၊ မြင်ရပြန်သည်။ တခါတရံ တောမျောက်များ အုပ် လိုက်၊ အစုလိုက် လာတတ်သည် ကိုတွေ့ရသည်။ သတ္တ၀ါများကို ကြင်နာ စွာပြုမူဆက်ဆံသည်ကို တွေ့ ရ သည်။ ကြက်တူရွေးငှက်များကို လက်တစ်ကမ်းသို့ ရောက်အောင် ပျံသန်း နေကြသည်ကို တွေ့ရပြန်သည်။ ထိုကျောင်းလေးသည် ဥယျာဉ်တစ်ခုလိုဖြစ်နေပါသည်။

လိပ်များလဲ ရှိသည်။ သူတို့အခေါ် နဂါး များ ဖြစ် သော ဖွတ်သတ္တ၀ါကြီးများကိုလဲ တွေ့ရပါသည်။ ရောက်ခါစက ဘယ်က နေဘယ်လို မျက်စိလည်လာ သည် မသိ အိပ်ခန်းထဲ ၀င်လာသည်ကို တွေ့ရသဖြင့် အလန့်တကြားဖြစ် မိသည်။ ကျောင်းထိုင် ဆရာတော်မှာ သက်တော် ငါးဆယ်ကျော်ပြီဖြစ်၏။ သို့သော် ဗုဒ္ဓဝေယျာဝစ္စ ဆောင် ရွက်ရာတွင် အတုယူဖွယ် ကောင်းလောက်အောင်တွေ့ရသည်။ ဘုရားရှိခိုး အမြဲတမ်း ဦးဆောင်မှုပြုသည်။ မြို့တွင်း ကလာရောက်ပြီး ဘုရားဝတ်တက်ကြသော ဒကာ ဒကာမများကို သီလပေး၊ တရားဟော ၀တ်မြဲ သည်။ 

သူ့ကျောင်းတွင် တစ်နှစ် တာ နေခွင့်ပေးထားသာ မိမိတို့နှစ်ပါးကိုလဲ ဘုရာဝတ်တက်မြဲဖို့ အမြဲ ပြော ပါ သည်။ ဘုရားဝတ်မတက်မီ ဘုရား ပန်းကပ်ခြင်းကို ဒကာ ဒကာမများနှင့်အတူ ဆောင်ရွက် ဆက် ကပ်ရ သည်။ မြန်မာမှုနှင့် မတူထူး ခြားသော ကြည်ညိုဖွယ်ရာဖြစ်သည်။ ဒကာ ဒကာမတို့သည် ညနေတိုင်း ဘုရားဝတ်မတက်မီ ကျောင်းသို့ ရောက်အောင်လာကြပြီး သူတို့ယူခဲ့ကြသော ပန်းတို့ကို ကြည်နူးဖွယ် ဖြစ်အောင်စီမံကြသည်။ ပန်းတို့စုံသည်။ ရနံ့တို့လဲ ထုံကြိုင်သည်။ ပို၍ထူးခြားသည်မှာ ကလေးများကို လူ ကြီးများနှင့် အတူတူ ပန်းကမ်း ပန်းကပ် ကြခြင်း သည် တစ်မျိုးထူးခြားပါသည်။ မြန်မာမှုတွင် မတွေ့ရသ လောက် ရှိသည်။ ကလေးများ သည် လဲ အလေ့အကျင့် ဖြစ်နေသည့် အတိုင်း စိုးရိမ်ထိတ်လန့်မှုများ မရှိပဲ တွေ့ရသည်။ ဘုရားကြည်ညိုတတ်အောင် ရင်ခွင်ပိုက်ပြီး သင်ခန်းစား ပေးသည်ကို ဂုဏ်ယူစွာမြင် နေ ရ သည်။ နှလုံးသားနုနုကို တရားတော်များ လှပ သော ယဉ်ကျေးမှုတို့ဖြင့် အလှဆင်နေခြင်းဖြစ်သည်။ 

ထိုလှပသောမြင်ကွင်များကို ဆယ်လခန့် နေပြီး နေ့ စဉ်တွေ့ရသည်။ သူတို့နဲ့ အတူ ဘုရားဝေယျာဝစ္စ များးကို ပြုလုပ်ခွင့်ရပါသည်။ ဘုရားကြည်ညိုပုံကို အနီး ကပ်လေ့လာခွင့်ရသည်။ သူတို့နှင့် အတူစကားပြော ခွင့်ရသည်။ မြန်မာကိုသူတို့ သိကြသည်။ ပြီးတော့ လေးစားကြသည်။ အခွင့်အခါ သင့်လျှင် လာချင်သေး ကြောင်းပြောကြသဖြင့် ၀မ်းသာမိသေးသည်။ ဆရာတော် မရှိခိုက် သူတို့ကို ငါးပါးသီလပေးရသည်။ မြန်မာဟန်ပေါက်နေသော မိမိတို့အသံကိုနားလည် သဖြင့် ကြည်နူးဖွယ်ဖြစ်ရပြန်သည်။ သို့သော် မိမိတို့ ဘုရားဝတ်တက် အပြီးတွင်း ကျောင်းက ကိုရင်ကိုမေး ကြည့်ရာ " အရှင်ဘုရား သီလပေးတာက ငေါက်သ လိုပဲ" ဟုပြောသဖြင့် ရယ်မိကြသေးသည်။ 

ဟုတ်ပါသည်။ သီရိလင်္ကာဘုန်းကြီးများ သီလပေးရင် အသံရှည် ဆွဲပြီး သူတို့အသံအတိုင်း ဆိုကြသည်။ မိမိမှာမူ ထိုသို့ မဟုတ်ပါ။ ဂရု၊ လဟုပီပီ ဆိုလိုက်သဖြင့် မြန်မာဟန် ငေါက်သံပေါက်သွားခြင်း ဖြစ်ပေမည်။ လေ့လာ ရပေဦး မည်။ သီဟိုဠ်ရောက်တော့လဲ  ဆင်ဟာလီ လို ပြောတတ်၊ ဆိုတတ်၊ ရွတ်တတ်အောင် ကြိုးစားရပေ ဦးတော့ မည်။ တစ်ဦးက မေတ္တာ တစ်ဦးက စေတနာ လို ပေါ့လေ၊ သတိရနေပါသည်။

No comments:

Post a Comment