Pages

Friday, February 11, 2011

အလှည့်ကျ ကိုယ်တော်လေး


"အဘိဓမ္မာတရားတော်ကို နတ်ပြည်မှာဟောတယ်ဆိုတာ ဟုတ်တယ်ဘုရား၊ ဘာလို့ဆိုတော့ တပည့် တော် တို့ အဘိဓမ္မာဌာနမှူး ဆရာတော်ကို ကြည့်ပါလားဘုရား၊ အပေါ်မော့ကြည့်ပြီး စာချနေတာ မဟုတ် လား လို့'၊ မှန်ပါသည်။ ဌာနမှူးဆရာတော်သည် စာသင်ခန်း မျက်နှာကျက်က ပန်ကာကိုကြည့်ပြီး စာချလေ့ရှိသည်။

တပည့်တွေအကြား ပြောစရာဖြစ်အောင်ပင် အဘိဓမ္မဌာနက ထူးခြားပါသည်။ မန္တလေးမြို့၊နန်းရှေ့ရပ်ရှိ ပရိယတ္တိသာသနာ့တက္ကသိုလ်၏ မဟာဌာနကြီးသုံးခုတွင် နောက်ဆုံးဖြစ်၏။ စာချဆရာတော်များ စေ့စေ့ စပ်စပ် သေသေချာချာ ပို့ချပေးလေ့ရှိသည်။ ဌာနမှူးဆရာတော်နှင့် တွေ့လျှင် မှတ်သားရသည်က များလှ သည်။ ဟိုဟာလေးလဲ သိစရာပင် မှတ်လိုက်၊ ဒီဟာလေးလဲ သိစရာမို့မှတ်လိုက်ဖြင့် ငေးချိန်၊ တွေးချိန် မရှိ လှ၊ ရေးပြီးပြန်လျှင်လဲ တစ်ဦးချင်းစီပြန်ဆိုပြရသည်။ နေ့စဉ်၊ နံစဉ် အတိုင်းစဉ်ထားသော စာသင် သားများ မှာ တစ်လှည့်စီ စာဆို ကြရသည်။ နောက်နေ့မည့်သည့် အတန်းစာဆိုရမည်ကို သိသည်။ ကြိုတင်ပြီး လေ့လာလို့ရသည်။ 

ဌာနမှူးဆရာတော်မှာလဲ အမြဲတမ်းပြောလေ့၇ှိသည်။ "အလှည့်ကျ ကိုယ် တော်လေး ဆိုလိုက်ပါဦးဘုရား"၊ ဆရာတော်၏ ဆိုပါ စကားစုလေးသည် တပည့်များတွင် ရေပန်းစား လာသည်အထိ ဖြစ်လာသည်။ "အလှည့်ကျ ကိုယ်တော်လေး၊ အလှည့်ကျ ကိုယ်တော်လေး" ဟု အချင်းချင်း နောက်စရာဖြစ်လာသည်။ သို့သော်ဆရာတော်ရှေ့တွင်တော့ ထိုသို့မပြောရဲကြပါ။ အချိန်ကိုလဲ အတိအကျပို့ချသည်။ ရောက်လာလျှင်လဲ အတိအကျပင်ဖြစ်၏။ စာဝါသိမ်း ပြီးဆုံးချိန်သည်လဲ အချက်ပေး မောင်းသံနှင့် အညီ ဖြစ်၏။ ရေးလက်စ စာသားကိုပင် ကုန်အောင်ရေးပါ။ 

ဥပမာ ပြောရလျှင်-
ကျမ်းတက်တွင် ဖြစ်သည်။ အစမှ ကျမ်းတက်လာရာ ဤသို့မေးဖွယ်ရှိသောကြောင့် ခ ၀ါကျကိုမိန့်၊ အဓိပ္ပာယ်ကား နောက်နေ့မှဆက်ကြတာပေါ့ဘုရား၊ ဟုပြောပြီး ထားရစ်တတ်သည်။ မျှော်လင့်ချက်ဖြင့် လွမ်းအောင် ဖန်တတ်သည်။



No comments:

Post a Comment