ဒီနေ့ သူငယ်ချင်းတစ်စုကို
ပင်လယ်ကမ်းစပ်တစ်ခုကို အလည်အဖြစ်လိုက်ပို့ဖြစ်တယ်။
လှိုင်းတွေ ကြမ်းကြမ်း လေကလည်း
သရမ်းဘိ။
အတွန့်တွန့်အခွေခွေနဲ့ ကမ်းကို
ပြေးတက်လာတဲ့ လှိုင်းတွေက ကြီးမှကြီးပဲ။
ရှေ့ပြေးတယ်။
နောက်ကလိုက်တယ်။
သောင်ကမ်းကပ်တော့
ပြေပျော့ပျက်ပြယ်သွားတယ်။
တမီးစာသင်တော့ ဆရာက ပြောပြတယ်။
တမီး ပုံပြင်လေးတစ်ခုပေါ့။
ဟိုး ရှေးရှေးတုန်းက
ချစ်သူနှစ်ဦှးရှိတယ်တဲ့။
အချစ်တာသာတူပြီး ဇာတ်၊ ဂုဏ်၊ ပကာသန
စတာတွေက မမျှတော့ သူတို့ချင်းမနီးနိုင်ဘူး။
နောက်တော့ ပင်လယ်ထဲမှာ သူတို့ဘ၀ကို
စတေးကြတယ်တဲ့။
ကမ်းစပ်မှာ လှိုင်းတွေပြေးနေတာက ရှေ့က
မိန်းကလေးတဲ့။
နောက်က လှိုင်းက ယောင်္ကျားလေးတဲ့။
ဘယ်တော့မှ မနီးနိုင်ကြဘူးတဲ့။
ဖြတ်ကနဲ့ဝင်လာတဲ့ အတွေးစကို အသာဖယ်လိုက်ရတယ်။
“ငါနဲ့ ဘာဆိုင်တာမှတ်လို့.”
ခြေဖျားကို လှိုင်းလာခတ်တယ်။
ရင်ထဲစိမ့်ကနဲ့..။
No comments:
Post a Comment