Pages

Wednesday, May 15, 2013

ရိုက်ခြင်း အမှန်



ဆရာတော်သည်စေတီပရ၀ုဏ်ကို တံမြက်လှည်းကျင်းနေသည်။
ဆရာတော်နှင့် မလှမ်း မကမ်းတွင် ကျောင်းသားနှစ်ယောက် အမှိုက်ကျုံးရင်း ငြင်းနေကြသည်။

အပါယ် ငါးပါကွာ..။
အပါယ်လေးပဲ ကြားဖူးပါတယ်။
အပါယ်ငါးပါးပါဆိုနေ..။
လေးပါ ပါလို့ ဆရာတော်ဟောတာပါကွာ..။
ငါးပါးပါဆိုနေ..။
လေးပါကွာ..။
……………..
…………………….

အပါယ်လေးပါဆိုတဲ့ ဟိုကျောင်းသား ဒီကိုလာစမ်း။
အပါယ်လေးဟုငြင်းသော ကျောင်းသားကို ဆရာတော် တံမြက်စည်းဖြင့် ရိုက်သည်။

ဆရာတော်၊ တပည့်တော် မှားလို့လားဘုရား။ ဆရာတော်မိန့်တဲ့ အတိုင်း
အပါယ်လေးပါလို့ တပည့်တော် ပြောတာပါဘုရား။

အေး..။ အင်းပြောတာမှန်တယ်။ အပါယ်လေးပါရှိတာလဲ မှန်တယ်။

မင်းကို ရိုက်ရတာက အပါယ်လေးပါးလောက်ကို သရုပ်တောင်မှန်မှန် မသိတဲ့
သူနဲ့ ပြိုင်ငြင်းနေလို့ ငါကရိုက်ရတာ။ 

1 comment:

  1. မင်းကို ရိုက်ရတာက အပါယ်လေးပါးလောက်ကို သရုပ်တောင်မှန်မှန် မသိတဲ့
    သူနဲ့ ပြိုင်ငြင်းနေလို့ ငါကရိုက်ရတာ။ ချမ်းမြေ့ပါစေ။ ။

    ReplyDelete