ဂင်္ဂါမြစ်ကြီးသည်
စတင်စီးဆင်းရာ နှင်းတောင်တန်း ဟိမ၀န္တာမှသည် ခရီးဆုံးစီးဝင်သွားရာ ဘင်္ဂေါပင်လယ် အထိ အိန္ဒိယနိုင်ငံကြီးကို
အကျိုးပြုသွားသည်၊ ဂင်္ဂါမြစ်ကမ်းတွင် ဟိန္ဒူနတ်ဘုရား အများအပြားရှိသည်။
ဂင်္ဂါမြစ်ကမ်း
နဖူးတွင် ဝေဒကျမ်းပြုရှင်ယောဂီရသေ့ကြီး အသီးသီးတို့ ပူဇာတေးဖွဲ့ကြသည်၊ သကျနွယ်ဖွား
ဗုဒ္ဓဘုရားရှင် ဂင်္ဂါမြစ်ကမ်းတွင် ထိုင်နေတော်မူလျှက် တပည့်သား သံဃာတော်တို့အား တရားဟောသည်၊
အိန္ဒိယနိုင်သည်
ခေတ် အဆက်ဆက်ကတည်းကပင် ပညာရေးကို အလေးပေးဆောင်ရွက်ခဲ့သည်၊ လောကီ ပညာရပ်၊ လောကုတ္တရာပညာရပ်
အစုံစုံတို့ဖြင့် ထင်ရှားသည်၊ စာပေ၊ အနုသုခုမ၊ ပန်းချီ ပန်းပု၊ စိုက်ပျိုးရေး၊ လူနေမှုစနစ်၊
ဘာသာရေး၊ ပညာရေးစသည်ဖြင့် ရှေ့ဆောင် ခဲ့သော နိုင်ငံကြီးဖြစ်သည်။
လွန်ခဲ့သော ဘီစီ ၂၅၀၀ကျော်က ထွန်းကားခဲ့သော မိုဟင်ဒါရို၊ ဟာရပ္ပခေတ်များတွင်
တူးဖော်ရရှိသော အနုလက်ရာများက အိန္ဒိယနိုင်ငံကြီး၏ အနုလက်ရာ၊ စာပေ၊ ဘာသာရေးများကို ထင်ထင်ရှားရှားဖော်ပြ လျှက်ရှိသည်။
ဘီစီသုံးထောင်စု ၀န်းကျင်ကာလများသည်
အိန္ဒိယနိုင်ငံကြီးလူနေမှု စနစ်ကြီးကျယ်ထွန်းကာခဲ့ပုံ ကိုတွေ့ မြင်နိုင်သည်။ လူသားယဉ်ကျေးမှု
(cradle of human culture) စတင်ထွန်း ကားလာရာဟုဆိုနိုင်သော အီဂျစ်၊ ဘေဘီလုံနီးယားယဉ်ကျေးမှုများနှင့်
တန်းတူရှိခဲ့သည်။
ဂင်္ဂါမြစ်ကြီးနှင့် ယမုံနာမြစ်တို့စီဆင်းရာ အိန္ဒု မြစ်ဝှမ်းကို အခြေတည်ပြီး
ထွန်းကားခဲ့သော ယဉ်ကျေးမှုကြီး သည် ဟိမ၀န္တာ တောင်တန်းကြီးအခြေမှသည် တောင်ဘက် ယနေ့ ဘုံဘေ အထိ၊
အနောက်ဘက်တွင် ပါကစ္စတန်၊ အရှေ့ဘက် တွင် ဆင်းမလား အထိကျယ်ပြန့်ခဲ့သည်။
ဤကျယ်ပြန့်သော
ဒေသကြီးအတွင်းတွင် များပြားပြည့်စုံသော အိန္ဒုမြစ်ဝှမ်း ယဉ်ကျေးမှုကြီးကို ထူထောင်နိုင်ခဲ့သည်၊ ယနေ့ကမ္ဘာ အရပ်ရပ်ရှိတက္ကသိုလ်များတွင် ရှေ့တိုင်းဌာန( oriental studies) များရှိသည်၊
ထိုဌာနတွင်တစ်ခုအပါအ၀င်ဖြစ်သော အင်ဒိုလိုဂျီ( indology) သည် အိန္ဒိယနိုင်ငံကြီး၏ ထွန်းကားခဲ့သော
စာပေ အနုလက်ရာများကို လေ့လာသော ပညာရပ်ဖြစ်သည်။
ထိုပညာရပ်များတွင်၊ ဟိန္ဒူဘာသာဆိုင်ရာ
ကျင့်ဝတ်၊ ဓလေ့ထုံးစံ၊ ဒဿန၊ ဗုဒ္ဓဘာသာဆိုင်ရာ ကျင့်ဝတ်၊ ဓလေ့ထုံးစံ၊ အယူအဆ ဒဿန၊ ဂျိန်းဘာသာဆိုင်ရာ၊
ဓလေ့ထုံးတမ်း၊ သက္ကတစာပေ၊ ပါဠိစာပေ၊ ဒြာဗီဒီ ယန် ယဉ်ကျေးမှုစသည်ဖြင့်လေ့လာ၍ မကုန်ဆုံးနိုင်
အောင်ကျယ်ပြန့်လှသည်။
အိန္ဒိယတိုက်ကြီးသည်
ကိုးကွယ်ရာဘာသာ တရားများအနေနှင့်လည်း ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာ၊ ဆစ်ဘာသာတို့
အပြင် နတ်ကိုးကွယ်မှုနှင့် ရိုးရာထွေးပြားသော ကိုးကွယ်ရာများဖြင့် ထင်ရှား သည်။
ထိုတွင်
ဗုဒ္ဓဘာသာနှင့် ဂျိန်းဘာသာတို့သည် အာရယန်နှင့် ဒေသခံဒြာဗီဒီယန်တို့၏ ဇာတ်စနစ်၊ ကမ္မ၀ါဒ၊
ရှေ့ဘ၀ နောက်ဘ၀၊ သမဏ ဗြဟ္မဏ၊ တောထွက်ပြီး သညာသီအဖြစ်ဖြင့် နေထိုင်ခြင်းစသည့် ယှဉ်ပြိုင်မှု
အမြင့်ဆုံးကာလတွင် ပွင့်ပေါ်ခဲ့ကြခြင်းဖြစ်သည်။
ထိုဘာသာကြီးနှစ်ခုတွင် ဗုဒ္ဓဘာသာသည် ကြီးမားသော
ပညာရေး အ၀န်းအ၀ိုင်းကြီး ကို ဖော်ဆောင်နိုင်ခဲ့ သည်၊ ဘုရားရှင်သည် နောက်ပါတပည့်သား သာဝကများ
အတွက် ရှေးဟောင်း အိန္ဒိယနိုင်ငံကြီး၏ အခြားသော ဘာသာရေးများနှင့် မတူ လောကကြီးနှင့် ညီညွတ်သော
စည်းကမ်း ၀ိနည်းဥပဒေကို ပညတ် သတ်မှတ်ခဲ့သည်။
ခေတ်ပြိုင် အိန္ဒိယနိုင်ငံကြီး၏ သဗ္ဗညု အမည်ခံ ယောဂီဂုရုများ၏
အယူအဆများနှင့်လည်း အခါအားလျှော် စွာ တိုက်ဆိုင်ဟောပြောခဲ့သည်၊ သုတ္တန္တဒေသနာ တော်များသည်
ဗုဒ္ဓ၀ါဒနှင့် ယခင်ရှိနှင့်ပြီးသား အိန္ဒိယ
ရှေးဟောင်း ၀ါဒများကိုနှိုင်းယှဉ်ထားသော ဥပဒေသများ
ဖြစ်သည်။
ဝိနည်း၊ သုတ္တန္တများထက်ထူးခြားသော အခြားအိန္ဒိယရှေး ဟောင်းဘာသာတရားများတွင် မတွေ့နိုင် သော ရုပ်ဖြစ်စဉ်၊ နာမ်ဖြစ်စဉ်များကို အသေးစိတ်ဟောကြားထားသည့် အဘိဓမ္မာတရားတော်ကိုလည်း တပည့် သားသာဝကများအား ဟောကြားခဲ့သည်။
မြတ်ဗုဒ္ဓ၏
ထိုအဘိဓမ္မတရားတော်ကို ယနေ့ခေတ် အမြင်ဒဿန( philosophy) များနှင့် လွန်စွာ ကိုက်ညီသော
ဟောဖော် ညွှန်ကြားချက်များဖြစ်သည်ကို အနောက်တိုင်းပညာရှင်များက လက်ခံ ယုံကြည် ကြသည်။
အိန္ဒိယ နိုင်ငံရှိဘာသာ အယူဝါဒ ဆိုင်ရာ ဒဿန(
philosophy) များကို လေ့လာရာတွင် ဗုဒ္ဓဒဿနသည် သုတေသီ တို့အား ပိုမို နှစ်သက်မှုကိုဖြစ်စေသည်။
ယူဆရုံ သက်သက်သာမက
လက်တွေကျင့်သုံးမှု ပါဝင်နေ ခြင်းက အခြားသော ဘာသာတရားများထက် ပိုမိုပြီး အလေးဂရုပြုစရာဖြစ်လာသည်၊
အသစ်သစ် ပေါ်လာသော ဒဿန (philosophy) နှင့် တိုက်ဆိုင်ပြီးလေ့လာ နိုင်သည်။ သိပ္ပံပညာရပ်
အားလုံးနှင့် မျက်နှာချင်းဆိုင် ဆွေးနွေးနိုင် သည်။ ဘာသာရေးသမားတစ်ယောက် မဟုတ်သော ကမ္ဘာ့သိပ္ပံပညာရှင်
အိုင်းစတိုင်းသည်ပင် ဗုဒ္ဓဘာသာ ၏ နောက်ပေါ် သိပ္ပံများနှင့် ညီညွတ်ပုံကို အသိအမှတ်ပြုခဲ့သည်။
ဤအချက်များကြောင့်ပင်
တစ်ချိန်တည်းလိုလို ပေါ်ပေါက်ခဲ့သော ဂျိန်းဘာသာထက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့ အလယ်တွင် လူသားအားလုံးနှင့်
ညီညွတ်ပြီး ပျံ့နှံ့ကျင့်သုံးမှု ပိုသည်၊ အရှေ့အာရှနှင့် အရှေ့တောင် အာရှနိုင်ငံအများစုသည်
ဗုဒ္ဓဘာသာ၏ ပျံ့နှံ့ဖြစ်ထွန်းရာဒေသ ကြီးဖြစ်ခဲ့သည်။
ဘုရားရှင် သက်တော်ထင် ရှားရှိစဉ်ကာလများတွင်
မဂဓတိုင်း၏ ဘုရင်ဗိမ္ဗိသာရမင်း၊ သားဖြစ်သူ အဇာတသတ်မင်း၊ ကာသိကောသလ တိုင်းဘုရင် ကောသလမင်း၊
ကောသမ္ဗီရှင်ဘုရင် ဥဒေန၊ မလ္လာမင်း စသော မဇ္ဈိမအာဏာပိုင်များနှင့် ဘာသာရေး ပဋိပက္ခမရှိ
ငြိမ်းချမ်းမှုရစေခဲ့သည်။
ဆရာဒကာညီညွတ်စွာဖြင့်
အနှိုင်းမဲ့ အဆုံးအမများကို တည်ထောင်တော် မူခဲ့သည်။ ကိုယ်ကျင့် သီလမြင့် မား စေခဲ့သည်၊
အာဏာပိုင်ဘုရင်များကိုလည်း မင်းကျင့်တရားနှင့် အညီမင်းလုပ်နိုင်ရန် လမ်းညွှန်ချက် များကို
ဟောပြောမိန့်ကြားခဲ့သည်။ ဘာသာ ရေးခေါင်းဆောင်နှင့် နိုင်ငံပိုင် အာဏာရှင် တို့၏ ညီညွတ်စွာ
အလုပ်လုပ် ခဲ့ပုံကို အခြားဘာသာများထက် ဗုဒ္ဓဘာသာတွင် ပိုမိုမြင်နိုင် သည်။
အတိုင်းတိုင်းအပြည်ပြည်က
မင်းများ ဆောက်လုပ်လှူဒါန်းထားသော ကျောင်းဝိဟာရတို့သည် ထင်ရှားပေါ် လွင်ခဲ့ပြီး ယနေ့တိုင်အောင်
သမိုင်း မှတ်တိုင်များ အဖြစ် တွေ့မြင်နိုင်သေးသည်။
မေတ္တာတရားကြီးမားခြင်း၊
အခြားဘာသာများပေါ်တွင်ထားသော နူးညံ့သောသဘော တရားများကြောင့် လည်း ရှိရင်းစွဲ ဂျိန်းဘာသာ၊
ဗြဟ္မဏဘာသာတို့နှင့် ကြီးမားသောပဋိပက္ခများ မရှိခဲ့ပေ။
ပြီး နှစ်ပြည်ထောင်
ငြိမ်းချမ်းရေးတရားဟောခဲ့ခြင်းသည် ဗုဒ္ဓဘာသာ၏ ထူးခြားသော မှတ်တမ်းဖြစ် သည်။
မြတ်ဗုဒ္ဓ
၏ ဆုံးမ သွန်သင်ချက်တို့သည် စိတ်ငြိမ်းရေး သက်သက် အဇ္ဈတ္တကိုသာ ဂရုပြုထားသည် မဟုတ် ပြင်ပ
ဗဟိဒ္ဓ ငြိမ်းချမ်းရေးကိုလည်း ဖြစ်စေနိုင်ကြောင်း ထင်ရှားသော သာဓကပင်ဖြစ်သည်။
ထို့အပြင် ဗုဒ္ဓဘာသာသည်
ဘာသာရေး ပဋိပက္ခကို ဖန်တီးသည်ကို မတွေ့နိုင်ပေ။ ဘာသာတရားများဖြင့် ရှုပ်ထွေးနေသော ကေသမုတ္တိ
ဒေသလို နေရာမျိုးကိုပင် ဘာသာရေး မရှုပ်ထွေးအောင် ရှင်းလင်ပြခဲ့ သည်က သက်သေပင်ဖြစ်သည်။
ဘာသာရေးတွင် အစဉ် အလာများကို အလေးမထားဖို့နှင့် ကိုယ်တွေ့ဖြင့်သာ အမှား အမှန်၊ အကျိုးရ
မရကို ဦးစားပေးဆွေးနွေးခဲ့သည့် ဖြစ်ရပ်သည်။ မည်သည့် ဘာသာတွင်မှ မတွေ့နိုင်သော ဘာသာတရား များစွာတို့တည်ရှိရာ
အိန္ဒိယနိုင်ငံ အတွင်းက ဗုဒ္ဓဘာသာ၏ ဖြစ်ရပ်မှန် တစ်ခုဖြစ်သည်။