‘ကိုရင် မင်းစဉ်းစားပါဦးကွာ’၊
စာသင်တိုက် တစ်တိုက်တွင်ဖြစ်သည်၊ ကိုရင်ကြီးတစ်ပါး နာယကဆရာတော်ကြီး၏ရှေ့တွင် ရို့ရို့လေး ထိုင်နေ သည်၊
‘ဘာလို့ မင်းက လူဝတ်လဲချင်ရတာလဲ၊ အကြောင်းတော့ရှိမယ်၊ ငါ့ကို ပြောစမ်းပါဦး’၊
‘တို့ဘုရားရှင်များလက်ထက်တုန်းကတော့ ရဟန်းတော်များ လူဝတ်လဲခြင်းကိစ္စများ အများအားဖြင့်ကြုံရ တာကတော့ မင်းလဲ အသိဖြစ်ပြီးပါပြီး၊ မာတုဂါမနဲ့ တွေ့ရ၊ မြင်ရ လို့စိတ်ဖောက်ပြန်တတ်တဲ့ အဖြစ်မျိုးများ ပါတယ်၊ မင်းလဲအဲလိုထင်တာပဲ၊ ဘယ်နဲ့ ဟုတ်ရဲ့လားဟဲ့၊ ကိုရင်ကြီး’၊
‘မှန်ပါ’၊ အသံထွက်သည်ဆိုရုံလေးဖြေသည်၊
‘အေးပေါ့၊ ကိုရင် တို့က လူဝတ်မလဲရဘူး၊ လူမထွက်ရဘူးတော့ မပြောလိုပါဘူး၊ သို့သော် လမ်းမှား ကို တွေးမိ နေရင်တော့ တို့က လမ်းမှန်ရောက်အောင် ပြုပြင်ပေးရအောင်လို့ပါ’၊
‘မင်းစဉ်းစားကြည့်စမ်းပါ၊ တို့ဘုရား က ရဟန်းဘ၀ကို လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံးမှာ ကိုးဘ၀ ပဲရရှိခဲ့တယ်၊ ရှိပါတယ်၊ လင်္ကာလေး၊ မင်းလဲရမှာပေါ’့၊
“ရသေ့ငါးခါ၊ ရဟန်းမှာကိုး၊
လူမျိုးငါးပါး၊ နှစ်နဂါးတည်း၊
သိကြား ဘီလူး၊ ခြင်္သေ့ထူးစွ၊
တစ်စီပ၊ ဘ၀နှစ်ဆယ်လေး၊ ဆိုတာလေ”၊
ရဟန်းဘ၀နဲ့ တို့ဘုရားကိုးဘ၀ရရှိခဲ့တယ်၊
အခုမင်းက လူဝတ်လဲချင်တယ်လို့ ငါ့ကိုလျှောက်တယ်၊ ကဲ..မင်းကိုငါပြောပြပါဦးမယ်၊
မင်းအခု စွဲလမ်းနေတဲ့ မာတုဂါမလေးကို မျက်စိထဲမြင်ကြည့်ပြီး၊ ဝေဖန်ကြည့်စမ်း၊
ဒီလိုကွာ၊ နှုတ်ခမ်းနီဆိုးထားလို့ လှနေတာ၊ ကဲ အဲဒီနှုတ်ခမ်းနီကို ဖယ်ကြည့်စမ်း၊
နံ့သာတင်ထားလို့ လှနေတယ်ထင်တာ၊ အဲဒီနံ့သာဖယ်ကြည့်စမ်း၊ လှသေးလား၊
‘မှန်ပါ’၊ မလှတော့ပါဘုရား’၊
'အေးပေါ့’၊
နာယကဆရာတော်ကြီး ကိုရင်ကြီးတော့၊ လူဝတ်လဲချင်တဲ့ စိတ်ပျက်ကရောဆိုတဲ့အနေနဲ့၊
ဆံကေသာနက်မှောင်နေတာက ဆီနဲ့လူးထားလို့၊ မလူးပဲထားကြည့်ပါလား၊ မလှတော့သလို၊ အနံ့ကအစ မကောင်းတော့ဘူးဗျ၊
‘မှန်ပါ’၊
‘ကဲ နောက်ဆုံးမင်းတို့လှတယ်လိုထင်နေတဲ့၊ ခန္ဓာကိုယ်ကို ဆင်ထားတဲ့ အ၀တ်၊ တန်ဆာ၊ ပိုးဖဲ၊ ကတ္တီပါတွေ ဖယ်ကြည့်လိုက်စမ်းကွာ’၊
ဤတွင် ကိုရင်ကြီးဆီမှ
'အောင်မလေး၊ ဆရာတော်ပြောမှပိုပြီး မြင်လာပါပြီဘုရား'၊
ငိုကြီးချက်မဖြင့် လျှောက်လေတော့သည်။
'သုကရံ သာဓုနာ သာဓုံ၊ သာဓုံ ပါပေန ဒုက္ကရံ'။
သူတော်ကောင်းသည် ကောင်းမှုကို လွယ်ကူစွာပြုသည်၊
မသူတော်သည် ကောင်းမှုကို ပြုလုပ်ရန်ခက်ခဲသည်။
ဘုန်းဘုန်းရေ ကောင်းပါတယ်။
ReplyDeleteအစစအရာရာ သတိတော့ထားပေါ့.........
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးပေါ့...........
ဘုန်းကြီးစာချလုပ်ကြည့်တာ စိတ်မဆိုးပါနဲ့ ဘုန်းဘုန်းဘုရား။
တောင်းပန်ပါတယ်။