အရှေ့ကိုလျှောက်ပါလို့ အနောက်ကိုတဲ့ မျှော်လိုက်ရင်.တံခွန်တိုင်ရွှေကုက္ကားနဲ့ ဘုရားကိုမြင်..
ဘယ်စာကို ဘယ်နှစ်ဝါမောင် သင်မတုန်း မေလေးကိုချိုနှော..ပြောပြောခဲ့ပါဦး..
အလှူလှည့်လာပါပြီ၊ မောင်ရှင်လောင်းကို ဦးလေးကထမ်းလာသည်၊ အမေဖြစ်သူက သင်္ကန်းဗန်းကို ရွက်လာသည်၊
အိမ်ဦးက ကြိုးကြိုးကြဲကြဲ ဇီးပင်အောက်တွင် အဖေငိုနေသည်၊ အဖေငိုတာ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်၊ ရှိုက်…ရှိုက်ပြီးငိုနေခြင်းဖြစ်သည်၊
အမေ..အဖေငိုနေတယ်ဘာလို့လဲ..၊ သိလိုဇောနဲ့မေးကြည့်မိပါသည်၊
အော်..ငါ့သားရဲ့ အဖေက သူငယ်ငယ် ရှင်လောင်းလှည့်တော့ ငါ့သားရဲ့ အဖိုး မရှိတော့ သပိတ်လွယ်တဲ့ အခါကြတော့ မလွယ်နိုင်ခဲ့ဘူးလို့ ကြားဖူးပါတယ်၊ အခုအလှူကဲ အမေပဲရှိတယ်လေ၊ အဖေမရှိတာ ကြည့်ပြီး မျက်ရည်ကျနေတယ်ထင်တယ်၊
အော်.. အဖေရှင်လောင်းလှည့်တော့ အဖိုးမရှိတော့ဘူးပေါ့နော်..အမေ့..၊ အေးပေါ့ငါ့သားရယ်..၊
အဖေ့အဖြစ်ကိုမေ့နေပြီ၊ နှစ်တွေလဲ တရွေ့ရွေ့ကုန်လာလိုက်တာ အမေ့ရွာကိုပြန်ပြီး ရှင်ပြုပွဲလုပ်ရပြီ၊ အလှူပွဲတွင် အပေါင်း အသင်းများဖြင့် ပျော်ကြရသည်၊ ရွာကိုပတ်ပြီးလှည်းစီးရှင်လောင်းလှည့်ရ ကို မေ့မနိုင် ပါ၊ ပို၍မမေ့သည်မှာ ရှင်လောင်းလှည့်ပွဲတွင် အဖေမပါပါ၊
အဖေ့သပိတ်လွယ်ရမည့်နေရာတွင် အဖိုးက သပိတ်လွယ်ရသည်၊ အမေသင်္ကန်းဗန်းကိုရွက်ရသည်၊ အဖေမရှိ၍ မဟုတ်ပါ၊ ငါ့သားအလှူ တင့်တင့် တယ်တယ်ဖြစ်အောင်ဆိုပြီးခရီးထွက်ကာ စီးပွားရှာရင်း ခရီးလွန်နေခြင်းသာဖြစ်သည်၊
အလှူပြီးလို့ မယ်ခံနေ့ရောက်မှ အဖေပြန်လာသည်၊ ပြုံးနေသည်၊ ကိုရင်ခြေရင်းတွင် ကျုံ့ကျုံ့လေး ထိုင်ရင်း…ငါ့သား..အဲ..ကိုရင်.အဖေက အဲ..တပည့်တော်က ရှင်လောင်းလှည့်ပွဲ မမီဘူးဆိုတာက အလုပ်က အပြီးမသတ်နိုင်ဘူးဖြစ်နေလို့ အလှူရက်တော့သိပါရဲ့ မလာနိုင်ဘူးဖြစ်နေတယ်၊ အခုတော့ ငါ့သားက ကိုရင်တောင်ဖြစ်နေပေါ့၊တပည့်တော်ဖြင့် ပျော်လို့မဆုံးဘူးဘုရား..၊
ကိုရင်မထွက်နဲ့နော်..၊ လူ့ဘ၀ဆိုတာ ပင်ပန်းတယ်၊ ရဟန်း ဘောင်တက်နိုင်အောင် ကြိုးစားကိုရင်၊ အဲဒီကျမှ တပည့်တော် သပိတ်လွယ်ဦးမယ်၊
ထိုစဉ်က အဖေသပိတ်လွယ်ခွင့် မရခြင်းအတွက် အထူး အဆန်းဖြစ်ဟန်မရှိခဲ့ပါ၊ ကိုရင့်ဒကာ ဖြစ်လိုက် သည်ကို အကြီး အကျယ်ဝမ်းသာနေသည်၊ ကိုရင်ကို ထမ်းပြီးအိမ်သို့ ပင့်လေ့ရှိသည်၊ ကိုရင်ဝတ်နေစဉ် အတွင်း အပျော်ဆုံးလူသားမှာ အဖေသာဖြစ်ပေလိမ့်မည်၊
ဆောင်း၊ နွေ၊ မိုးတို့သည် တရွေ့တရွေ့နှင့် ကုန်လာသည်၊ ရက်၊ လ၊ နှစ်တွေပြောင်းကုန်ပြီ၊ အရေအတွက် သက္ကရာဇ်တွေများလာပြီ၊ ကိုရင်ဘ၀မှ ရဟန်းဘောင်သို့ တက်ခွင့်ရခဲ့ပြီ၊ ရဟန်းဒကာ၊ ရဟန်းဒကာမ များ ပျော်မဆုံးဖြစ်ရသည်၊ ရဟန်းခံပွဲသို့ ရွာလုံးကျွတ်လာရောက်ကြသည်၊
သို့သော် အဖေမပါတော့ပါ၊ ဒီတစ်ခါ ခရီးလွန်နေသောကြောင့်မဟုတ်တော့..၊ အဖေကွယ်လွန်ခဲ့ လေပြီ၊ သားရဟန်းဖြစ်ခွင့်ကို မျှော်တလင့်လင့်ဖြစ်နေခဲ့သော အဖေကား သားရဟန်း သိမ်ထွက်ကိုရောက် မလာနိုင်တော့၊
သိမ်ထွက်လောင်းလှူကြသော ရွာသူရွာသားများငိုကြသည်၊ ဆွေမျိုးများငိုကြသည်၊ သူ့သားရဟန်း သိမ် အထွက်ကို သူ့အဖေများ သိလိုက်ရရင် ဘယ်လောက်များပျော်လိုက်မလဲ နော်..၊ ဤသို့စကားသံတစ်ချို့ ကြားရသည်၊ အမေကားမငိုပါ၊ ကျောင်းပေါ်ရောက်တော့ ဆရာတော်က..
ကဲ ကဲနေရာယူကြ ဆွမ်းလဲ မမီပဲနေဦးမယ်၊ တရားဦးကတော့ မောင်ပဇင်း အသစ်လေးကပဲဟောပါ လိမ့် မဗျာ..၊ ခရီးဝေးပြန်ကြွရမယ့်အာဂန္တုများပါသေးတယ်၊ တရားဦးဟောပါပြီ၊
ရေစက်ချတော့လည်း..ကဲ..မောင်ပဇင်းရေ..ရေစက်ပါချဟေ့..ရဟန်းဒကာ ဒကာမတွေက ရေစက်ခွက် ကိုင်ကြ၊ နင်တို့က ပစ္စည်းလေးပါးလှူပြီး ရဟန်းဒကာ ဒကာမလုပ်ကြတာ..၊ ရဟန်းမယ်တော်ကိုလဲ ရေစက် ခွက်ပေးလိုက်..၊
သူက သားတစ်ယောက်လုံးကို သာသနာတော်ကို အပ်နှံပြီးလှူထားတာ..၊ ပစ္စည်းလေးပါး လှူတာ ထက် မြတ်တယ်..၊ ရေစက်ဦးဆောင်ပြီးရေစက်ချပါစေ..၊
ရဟန်း ဒကာဒကာမများ စုံလင်နေပေမယ့် ရဟန်းခမည်းတော် မရှိတော့သော သားရဟန်းတရား
အောင်ပွဲရေစက်ချပွဲသည် ၀မ်းနည်းစရာဖြစ်နေသည်မှာ ထင်ရှားသည်၊ ရဟန်းမယ်တော်ကြီးလက်တွေ တုန်နေသည်၊
အသံတုန်တုန်ဖြင့်ရေစက်သွန်ချ အမျှဝေလိုက်ချိန်တွင်တရားဦးဟောနေသော သားရဟန်းသည် ထန်းလက် ယက်တောင်ကြီးကို အသာကွယ်ပြီး မျက်ရည်စို့သည်..၊
အောင်ပွဲရေစက်ချပွဲသည် ၀မ်းနည်းစရာဖြစ်နေသည်မှာ ထင်ရှားသည်၊ ရဟန်းမယ်တော်ကြီးလက်တွေ တုန်နေသည်၊
အသံတုန်တုန်ဖြင့်ရေစက်သွန်ချ အမျှဝေလိုက်ချိန်တွင်တရားဦးဟောနေသော သားရဟန်းသည် ထန်းလက် ယက်တောင်ကြီးကို အသာကွယ်ပြီး မျက်ရည်စို့သည်..၊
ရဟန်းမယ်တော်ကြီး၏ ရောက်ရာဘ၀က သာဓုခေါ်ပါတော်ဆိုသော အသံသည် အင်းအား အပြင်း ဆုံးဖြစ်နေတော့သည်၊
မပြည့်လေခဲ့သော အဖေ့ဆုတောင်းသည် ယနေ့ပြည့်လေပြီ..။
ရဟန်းမယ်တော်ကြီး၏ ရောက်ရာဘ၀က သာဓုခေါ်ပါတော် ....
ဆိုသော အသံကိုသာ အဖေကြားနိုင်မယ်ဆိုရင်ြ ဖင့်..။
ရဟန်းမယ်တော်ကြီး၏ ရောက်ရာဘ၀က သာဓုခေါ်ပါတော် ....
ဆိုသော အသံကိုသာ အဖေကြားနိုင်မယ်ဆိုရင်ြ ဖင့်..။
This comment has been removed by the author.
ReplyDeleteအရှင်ဘုရား.....တပည့်တော်မသိလို့ ရေးမိတာပါဘုရား......စာလေးဖတ်ပြီး ခံစားလိုက်ရလို့ သေချာမကြည့်မိဘဲ ကွန်မန့်ကို ရေးလိုက်မိတာပါဘုရား...မသိနားမလည်လို့ ခွင့်လွှတ်သနားတော်မူပါဘုရား......
Deleteအရမ်းခံစားရပါတယ်အရှင်ဘုရား
ReplyDeleteအရှင်ဘုရားတို့ရှိနေတဲ့အတွက်၊ အလုပ်တွေလုပ်နေကြတဲ့အတွက် စွန့်လွှတ်မှုတွေ လုပ်ခဲ့ကြတဲ့အတွက် ဗုဒ္ဓသာသနာဟာ ယနေ့အထိ တင့်တင့်တယ်တယ် ရပ်တည်နိုင်နေတာဖြစ်ပါတယ်ဘုရား