သူတို့ရွာဓလေ့ထူးပါသည်။ ယောင်္ကျားသားရှိသော အိမ်တိုင်း သေနတ်ရှိသည်။ ယောင်္ကျားသား ၅ဦးရှိလျှင် သေနတ် ၅လက်ရှိသည်။ တောလိုက်ရာတွင် အသုံးပြုသည်။ မနက်စောစောတွင် သေနတ်ထမ်းပြီး တောသို့ ၀င်သည်။ ညနေစောင်းတွင် သေနတ်ထမ်း သားကောင်ဆွဲပြီး ရွာပြန်ဝင်လေ့ရှိသည်။ ရွာနီးချုပ်စပ်တွင် သေ နတ်သံကြားလေ့ရှိသည်။ နာဂတစ်ယောက် အနေနှင့် ဘုန်းကြီးတစ်ပါးကိုလမ်း တွင်တွေ့ပါကတောထွက် လာသူမိမိ အတွက် ကံမကောင်း ဟုပြောလေ့ရှိသည်။ ကျမ္မာရဲ့လား နေကောင်းလား ပင် မမေးရဟု ပြော ကြသည်။ အခြားရွာများတွင် ဘယ် သို့ ရှိမည်မသိရသော်လဲ ပဒူးမုန်းရွာလေးတွင်တော့ ဤသို့ရှိသည်။
တစ်ခါကမေးဖူးရာ မမေးပါနဲ့ ဘုန်းကြီး အဲလိုပြောရင် အဆင်မပြေတတ်ဘူးလို့ ပြန်ပြောပါသည်။ နောက်တာ့ လမ်းတွင် တွေ့ပါက မျက်နှာ ပြောင် ပဲတိုက်လိုက်ရတော့သည်။ နှုတ်မဆက်ရဲပါ။
ခပ်လှမ်းလှမ်း တောင်တန်းများဆီမှ သေနတ်သံကြားရလျှင် ရင်တွင် တထိတ်ထိတ် ရှိနေတတ်ပါသည်။ သားကောင်ရလျှင် ဘုန်းကြီးအတွက် ခွဲတမ်းဖြင့်ပို့ပေးတတ်သည်။ သွေးသံရွှဲရွှဲ အသားတွဲကို မကြည့်လို၊ မမြင်လိုသောကြောင့် အခြောက်လှမ်းပြီးမှ ပို့ရန်ရွာသားများ ကိုပြောထားရသည်။ ရယ်ချင်စရာတော့လဲ အကောင်းသားပင်၊ တောလုံးညံသော သေနတ်သံကြားလျှင် တောဝက် လေလား၊ ချေလေလား လို့ပင် အလိုလိုတွေး နေမိတတ်ပြန်သည်။ ခွင့်လွှတ်ကြပေရော့။

တစ်ခါက တစ်ဘ၀သည် အဲလိုရှိခဲ့ဖူးသည်။
No comments:
Post a Comment