"..မင်္ဂလာပါ.."
မြန်မာနိုင်ငံရောက်လာတဲ့
နိုင်ငံခြားသားတွေပြောတာပါ။
သူပြောတာလေးကြားရလိုက်တော့ ကြည်နူးရတယ်။
အော် တို့ဘာသာစကားကို
သူပြောတတ်သားပဲလို့ သူ့ကိုလည်း ခင်မင်မိသွားတယ်။
ရောက်မိတဲ့ အရပ်တိုင်းမှာ
သူတို့ရိုးရာ မင်္ဂလာပါ လို့ ဆိုနိုင်သော စကားစုလေးကို သင်ထားရမယ်လို့ လည်း သိလိုက်တယ်။
ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်တဲ့ မင်္ဂလာပါကိုလည်း မေးလာသူတိုင်းကို ပြောပြမိတယ်။
တစ်နေ့ကပေါ့။
ပြောစကားလေး ကြားလိုက်ရုံနဲ့
ခင်မင်ကြည်နူးစေတဲ့ မင်္ဂလာလို့ ဆိုတဲ့ “ စကားမင်္ဂလာ” နဲ့။
ဗုဒ္ဓဘာသာများယုံကြည်မှုအတိုင်း
မင်္ဂလာတရားတော်များကို လိုက်နာပြီး ကျင့်သုံးရင် “ တရားမင်္ဂလာ”
ဖြစ်တယ်လို့
ပြောပြလိုက်မိတယ်။
သူက ဆက်မေးတယ်။ အဲဒီမင်္ဂလာဆိုတာ
ဘာတွေလဲတဲ့။
တော်တော်များတယ်။
ဒါပေမယ့် စစချင်း မင်္ဂလာကတော့
“လူမိုက်ကို မပေါင်းသင်းရဘူးက စတယ်” လို့ပြောလိုက်တော့။
အာ တော်တော်ကောင်းတယ်...တဲ့။
'..မင်္ဂလာပါ"လို့ သူရော ကိုယ်ပါ
ပြိုင်တူပြောမိကြတယ်။
No comments:
Post a Comment