စိမ်းစိုမှည့်ဝင်း လယ်ယာခင်းနှင့်
မြေ၀င်းသန့်သန့် တလင်းပြန့်ဝယ်
စပါးနယ်သည် အမိမြန်ပြည်နှင့် တူပါသည်။
ချောင်းမြောင်း အင်း အိုင် ဂနိုင်သာမော
တောင်ကြော စမ်းရေ ဖြာဖြာဝေသည်
အမိမြေသို့နှယ် လှပါသည်။
ချောင်းမြောင်း သာမော လယ်ယာပေါလည်း
တောင်ကြော ရွာစဉ် မမြင်စေတီ
ထုံးမချယ်သည် မြန်ပြည်ဘယ်သို့ မီအံ့နည်း။
............................................................................................................................................
အိန္ဒိနိုင်ငံ တောင်ပိုင်း၊ တမီးနာဒူးပြည်နယ်မှ မြောက်ပိုင်း ဗုဒ္ဓဂယာသို့ အသွားရထားပေါ်တွင်ရေးပါသည်။
No comments:
Post a Comment