ပြည်ကပ္ပီနန်း ကြွမြန်းခိုလှုံ၊
ခမည်းတော်မင်း ဆွေရင်းမျိုးစုံ၊
ဗုဒ္ဓ၀င်ဇာတ် ဟောလတ်ဖုံဖုံ၊
ပြန်လည်တွေ့ လပြည့်နွေကဆုန်။
မိုးလရာသီ၏ တစ်ခုသော လပြည့်ညတွင် နန်းတက်ကြင်ဖော်မယ်ယသော်နှင့်
မွေးကင်းစ သားငယ်တို့ကို စွန့်ခွာပြီး အနောမာမြစ်ခြားတဲ့ ဥရုဝေဠတောရပ်သို့ ထွက်ခဲ့သည်။
ဥရုဝေဠတောဝနာတွင် အမတမြတ် တရား ကို မရပ်မနား ရှာဖွေသည်။ ရိုးရာ အကျင့်မျိုးစုံကို နည်းနည်းအဖုံဖုံဖြင့်
ကျင့်ဆောင်ခဲ့သည်။
ခန္ဓာကိုယ် ပင်ပန်းနွမ်းနွယ်ရုံ သက်သက်ဖြင့်သာ
အချိန်ကုန်၍ လမ်းမှန်သို့ မရောက်။ အစားစာ ပင်ဖြတ်
တောက်၍ ရှေးဟောင်းကျင့်နည်းစုံကို ခြောက်နှစ်တာကျင့်ဆောင်သည်။ မိမိအကျင့်ကို ပြန်လည် ဆင်ခြင် စဉ်းစားလျက် မဇ္ဈိမလမ်းစဉ်ကိုတွေ့ရှိခဲ့သည်။
တောက်၍ ရှေးဟောင်းကျင့်နည်းစုံကို ခြောက်နှစ်တာကျင့်ဆောင်သည်။ မိမိအကျင့်ကို ပြန်လည် ဆင်ခြင် စဉ်းစားလျက် မဇ္ဈိမလမ်းစဉ်ကိုတွေ့ရှိခဲ့သည်။
ခန္ဓာကိုယ်ကို
အစာအာဟာရဖြင့်မျှတစေလျက် အလယ်အလတ်ကျင့်စဉ်ကို ကျင့်ဆောင်သည်။
ခြောက်နှစ်တာကာလ အကျင့်အမျိုးမျိုးကို
ကျင့်ဆောင်ပြီးနောက် တစ်ခုသော လကဆုန်ရဲ့ လပြည့်ည ချမ်းတွင် မသေရာ အမှန်မြတ်တရားကိုရှာဖွေတွေ့ရှိသည်။
လောကသုံးပါကို သိတော်မူသည့် ဗုဒ္ဓတစ် ဆူဖြစ်တော်မူသည်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းရှာဖွေ စုဆောင်းလာခဲ့ရသော ပါရမီ အဟုန် တို့ပြည့်လေပြီ။
သဗ္ဗညုတဉာဏ်ရှင်ဖြစ်တော်မူပြီးနောက်
ငါဘုရားကိုယ်တိုင် သိသလို သတ္တ၀ါများကို သိစေမည်ဟူသော ကရုဏာပြဌာန်းတော်မူလျက် သစ္စာသိမြင်နိုင်သည့်
သူများရှိရာသို့ ကြွရောက်သည်။ ကာသတိုင်း၊ ဗာရာဏသီတွင် ယောဂီပုဂ္ဂိုလ်ငါးဦးတို့အား ကာမသုခလ္လိကနုယောဂ-ကာမဂုဏ်အကျင့်လမ်းစဉ်နှင့်
အတ္တကိလမထနုယောဂ- ခန္ဓာကိုယ်ကို ညှဉ်းဆဲကြောင်း အကျင့်လမ်းစဉ်တို့၏ အပြစ်တို့ကို ရှင်းပြတော်မူ သည်။
ကိုယ်တော်တိုင်းငြိမ်းချမ်းရေးကို ဂယာသီသအနီး
နေရဉ္ဇရာ မြစ်ကမ်းပါက ဗောဓိပင်ခြေတွင်ရရှိတော် မူခဲ့သည်။
ကာသတိုင်း၊ ဗာရာဏသီတွင် ပဉ္စ၀ဂ္ဂီး
ငါးဦးတို့အား သစ္စာသိစေ၍ ငြိမ်းချမ်းရေးရစေတော်မူသည်။ ကာသိ တိုင်း၊ ဗာရာဏသီ၊ မိဂဒါဝုန်တောတွင်
ပထမဆုံးသော ၀ါကို တပည့်ငါးဦးနှင့်အတူ သီတင်သုံးတော် မူသည်။
“ချစ်သားတို့၊ လောကကောင်းကျိုး အတွက်၊
ချမ်းသာခြင်း အတွက် ခရီးသွားကြ”ဟူသော သြ၀ါဒဖြင့်ငြိမ်း ချမ်းရးခရီး စတင်သည်။ မိမိကိုယ်တော်တိုင်
ဂယာသီသ အရပ်ရှိ ယောဂီတစ်ထောင် တို့အထံကြွတော် မူပြီး ငြိမ်းချမ်းရေးရစေသည်။
ဒုတိယ၀ါကို ရာဇဂြိုဟ်ပြည့်ရှင် မဂဓတိုင်း
ဘုရင်ဗိမ္မိသာမင်းလျောက်ထားချက် အရ သံဃာတော်ပေါင်းများ စွာဖြင့် ၀ါဆိုတော်မူသည်။ ၀ါလကင်းလွတ်
ဆောင်းချမ်း ကာလလွန်မြောက်သော တပေါင်းရာသီဝယ် ဖခမည်း၊ သားရာဟု မယ်ယသော်တို့ ရှိရာ ကပိလသို့
ပြန်ရန် အခွင့်ကြုံခဲ့ပြီ။
ရာသီသာသည့် တပေါင်းလပြည့်ကျော်တစ်ရက်နေ့မှ စတင်ကား ယူဇနာ
ခြောက်ဆယ် ရှိသည့် ပြည်
တော်ပြန် ခရီးကို တစ်နေ့လျင် တစ်ယူဇနာနှုံးဖြင့် ကြွချီတော်မူသည်။
ဆောင်းနှောင်းနွေစ၊ တပေါင်းလ၌၊
ညီမျှရာသီ၊ မြိုင်တောစည်၍၊
သာသည်လမ်းပန်း၊ ရှုမခန်းမျှ၊
ခင်တန်းတစ်ခို၊ လွမ်းတေးဆိုသည့်၊
နွေကြိုဥသြ၊ သံချိုနှောသည့်၊
ကြက်တောဥဒေါင်း၊ ကျေးငှက်ပေါင်းတို့၊
ငြိမ့်ငြောင်းသံလွင်၊ သားသမင်တို့၊
စိမ်းလွင်မြက်ခင်း၊ ရွရွနင်း၍၊
သေဌ်နင်းလူ့ဘ၊ ဖူးမြော်ကြ၏။
အေးမြကြည်လင်၊ စမ်းရေလျဉ်လည်း၊
စီးသွင်ငြိမ့်ငြိမ့်၊ တောလုံးစိမ့်မျှ၊
ချမ်းငြိမ့်ကြည်သာ၊ လေပြည်လာလျက်၊
သည်ခါသာလှ၊ ကပ္ပိလသို့၊
ဇိနဘုန်းမော်၊ ဖသုဒ္ဓေါထံ၊
စက်တော်ချီကြွ၊ ဖူးမြော်ကြ၏။
တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှ ကြွချီတော်မူသော
ဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မွေးရပ် ဌာနီ ပြည်ကပ္ပီသို့ ရောက်တော်မူသည်။ ဆွေတော်မျိုးတော်တို့အား
ဗုဒ္ဓ၀င်ကို ဟောကြားကာ အငြိမ်း ဓာတ်ရစေ တော်မူသည်။
ဘုရားရှင်၏ တပေါင်းလပြည်တော်ပြန်ခရီးသည်
တပည့်သား၊ သံဃာတော်ပေါင်းခြံရံလျက် တရားဓမ္မဖြင့် လွှမ်းခြုံသည်။ ငြိမ်းချမ်းဘိသည်။
No comments:
Post a Comment