အိန္ဒိယနိုင်ငံကြီးသည်
ရှေးနှစ်ပေါင်းများစွာ ကတည်းပင် ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာဟူသော ဘာသာကြီးသုံးခုအပြင်
များပြား ရှုပ်ထွေးသော ကိုယ်ပိုင် အယူ အဆများကို ယုံကြည်ကိုးကွယ်ခြင်းကို ခွင့်ပြု ထားခဲ့သည်။ ဟိန္ဒူယဉ်ကျေးမှု၊ ဂျိန်းယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုတို့သည်ပင် အိန္ဒိယနိုင်ငံကြီး ၏
နိုင်ငံပိုင် အမွေ အနှစ်များဖြစ်နေကြသည်။ တစ်ခုနှင့်တစ်ခု တိုက်ခိုက်ခြင်းဆိုသည် မှာ
တွေ့ရခဲ သည်။ ဘေးချင်း ယှဉ်ကာ ရှင်သန်လာခဲ့ကြသည်။
ထိုဘာသာကြီးသုံးခု(
ဟိန္ဒူ၊ ဂျိန်း၊ ဗုဒ္ဓဘာသာ) တို့သည် ငြိမ်းငြိမ်း ချမ်းချမ်းနေခဲ့သည်မှာ မူဆလင် ကျူးကျော်သူများ
အိန္ဒိယတိုက်ပေါ် အခြေမချခင် ကာလအထိဖြစ်သည်။ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာတို့သည်
အိန္ဒိယတိုက်ဖွား စစ်စစ်များဖြစ်သဖြင့် အဟိံသ၀ါဒကို ပြင်းပြင်းထန်ထန် လိုက်နာစေ သည်။
အိန္ဒိယတစ်တိုက်လုံးကို အောင်မြင်နိုင်ခဲ့သော မောရိယဘုရင် အသောကသည် ဘာသာဝါဒ ညီညွတ်ရေးကို
ဖော်ဆောင်၊ အကောင်ထည်ဖော်လုပ်ဆောင်ခဲ့သည်။
ဘာသာတရား
အားလုံးကို အလေးထားသည်။ မိမိအယူဝါဒကိုသာ ချီးမွမ်း၊ အမွှန်းတင်ခြင်းနှင့် သူတစ်ပါး ၀ါဒကို
ရှုတ်ချ အပြစ်တင်ခြင်အား အန္တရယ်တစ်ခု အဖြစ် မှတ်တမ်းတင်ရေးထိုးထားခဲ့သည်။ အသောက ရင်ထဲနှလုံးသားထဲရှိ
ထိုကဲ့သို့သော အမြင်များသည် ဗုဒ္ဓ၀ါဒမှ ရရှိလိုက်ခြင်းဖြစ်သည်။
အသောကမင်းသည်
ဗုဒ္ဓဘာသာ၏ အကြီးမြတ်ဆုံး မင်းတစ်ပါး ဖြစ်သည်။ ကမ္ဘာကိုလွှမ်းမိုးနိုင်ဆုံးသော မင်းတို့တွင်
အသောကသည် ထိပ်ဆုံးကရှိသည်။
ဗုဒ္ဓသာသနာ
ပြန့်ပွားထွန်းကားရေးအတွက် ရင်နှစ်သည်းချာဖြစ်သော သားတော်မဟိန္ဒနှင့် သမီးတော် သင်္ဃမိတ္တာတို့ကို
သီဟိုဠ်ကျွန်းသို့ စေလွှတ်သည်။
ဂင်္ဂါတစ်လျှောက်
စုန်ဆင်းလာခဲ့ကြသော နန်းတော်ဝင် မောင်နှမတို့သည် တောင်ပိုင်းပြည်နယ်တွင် လင်္ကာကျွန်းသို့ မကူးမီ အခြေချ နေထိုင်ခဲ့ကြရသည်။
သူတို့နေထိုင်ခဲ့ရာ
နေရာဒေသည် မြောက်ပိုင်းမှသည် တောင်ပိုင်းသို့လာခဲ့သော ထေရ၀ါဒလမ်းကြောင်း
ကြီး ၏အဓိကမြို့တစ်မြို့
ဖြစ်လာခဲ့သည်။ ထိုမြို့လေးသည် ထေရ၀ါဒ၊ မဟာယာန ပညာရှင် အစုံတို့ မွေးရပ်မြေ ကဉ္စီပူရမြို့ပင်ဖြစ်သည်။
ဘီ
စီ သုံးရာစုမှသည် ခရစ်နှစ် ထောင်နှစ်ရာကာလ တစ်လျှောက်လုံး ဗုဒ္ဓဘာသာ၏ အခိုင်အမာ ဆုံးနေရာ
ဖြစ်ခဲ့သည်။
ထိုဒေသမှ
ဗုဒ္ဓသာသနာတော် အတွက်ပေးဆပ်ခဲ့သော အမျိုးသမီးတစ်ဦး၏ ဇာတ်လမ်းသည် လွမ်းဆွတ် ဖွယ်၊ ကြည်နူးဖွယ်၊
သံဝေဂယူဖွယ်၊ နာကျည်းဖွယ်၊ ဂုဏ်ယူဖွယ်၊ြ မတ်နိုးဖွယ် တို့နှင့် ပြည့်နှက်နေသည်။
အစဘဝ
အနုအလှ
ကာဝေရိပတ္တနန်တွင်
ချမ်းသာသော ကောဝလန်သည် ဇနီးသည် ဖြစ်သော ကချေသည် မာဓ၀ီနှင့် အတူ နေထိုင်ကြသည်။ သူတို့၏ သမီးသည်
မဏိမေခလိုင်ဖြစ်သည်။ သူမသည် ချမ်းချမ်းသာသာဖြင့် ကြီးပြင်းလာခဲ့ရသည်။
သမီးဖြစ်သူသည်
အမေကဲ့သို့ပင် ကျွမ်းကျင်လိမ်မာသော ကချေသည်တစ်ယောက် ဖြစ်လာ သည်။ စောဠတိုင်း ဘုရင်ဥဒယသည်
မဏိမေခလိုင်၏ အလှတရား၊ လိမ္မာပါးနပ်မှုတို့ဖြင့် ဆွဲဆောင် ခံရကာချစ်ခင် စုံမက် နှစ်သက်ခဲ့သည်။
ဤသို့ဖြင့် ဥဒယမင်းသည် မဏိမေခလိုင်နှင့် ပေါင်းဖက် ချစ်ကြည် ရေးအတွက် သဘော မတူသော ဖခင်ဖြစ် ကောဝလန်အား သတ်ဖြတ်လိုသည်။
ထိုကြောင့်
ဥဒယသည် ကောဝလန် မဓုရာသို့ အရောက်တွင် မဟုတ်မမှန် လုပ်ကြံ စွပ်စွဲလေ သည်။ ကောဝလန်သည်
ထိုစွပ်စွဲချက်ဖြင့် ပင် အသတ်ခံရသည်။ ရှုပ်ထွေးပွေလီလှသော သတင်းစကားနှင့် လင်ယောင်္ကျားအသတ်ခံရကြောင်းကြား
သိရသဖြင့် စိတ်ပျက်အားငယ်နေသော မာဓ၀ီသည် သမီးဖြစ် သူနှင့် အတူ ရဟန်းတော် အာရ၀ဏ အဒိဂေါထံသို့
ရောက်လာကြသည်။
ရဟန်းတော်သည်
သောကရောက်သော သားအမိအား မြတ်ဗုဒ္ဓ၏ သောကပြေကြောင်းတရားနှင့် နိမ့်ချည် မြင့်ချည် လောကဒဏ်အကြောင်းကို
ဟောပြီး သက်သာရာရစေသည်။
သောကပြေပြီးသော
သားအမိသည် ဗုဒ္ဓဘာသာဝင်များ ဖြစ်လာကြသည်။ သို့သော် မဏိမေခလိုင်၏ အဖွား သည် သူတို့ သားအမိကို
ကချေသည် အဖြစ်ဆက် လက်လုပ်ကိုင်စေလိုသည်။ ဥဒယမင်း သည်လည်း မဏိမေခလိုင်ကို ဆက်လက် သွေးဆောင်ဖျားယောင်းသည်။
ထိုသို့သော ကြိုပမ်းအား ထုတ်မှုများ သည် အချည်နှည်းသာဖြစ်ခဲ့သည်။
လောက
စည်းစိမ်၏ ဖျားယောင်း လှည့်ဖြားမှုက မဏိမေခလိုင်ကို မတုန်လှုပ်စေနိုင်ခဲ့။ ဗုဒ္ဓဘာသာ အပေါ်ခိုင်မြဲသော
ယုံကြည်ချက်များနှင့် ဘိက္ခုနီ-ရဟန်းမ ဖြစ်လာသည်။ ဥဒယသည် ဘိက္ခုနီအထံသို့ မပြတ်လာကာ လူထွက်ဖို့
ဖျားယောင်းသည်။ မဏိမေခလိုင်ကား မတုန်လှုပ်၊ ခိုင်မြဲသော မြတ်ဗုဒ္ဓ တရားတော် များနှင့်
ဘ၀ကို အသာကျအောင် နေထိုင်ကျင့်သုံးနေသည်။
ထောင်ကို
ထမင်းကျွေးဆောင်အဖြစ်ပြောင်းစေ
ထို့နောက်
ရေလက်ကြားကို ဖြတ်ပြီး (နာဂဒီပခေါ် မြောက်ပိုင်းဒေသ) လင်္ကာကျွန်းသို့ ဘုရားဖူးသွားသည်။
ထိုဒေသရှိ ဘုရားရှင် ခြေတော်ရာကို ဖူးမြော်သည်။ ဘုရားရှင်ခြေတော်ရာကို ဖူးမြော်နေစဉ်
ရှေးဘ၀ တို့ကို မြင်နိုင်စွမ်းသော ဇာတိဿရဉာဏ်ကို ရရှိသည်။ ဥဒယ မင်းသားသည် သူမ၏ ယခင်ဘ၀က
လင်ဖြစ်ခဲ့ဖူး ကြောင်းကိုလည်းသိလိုက်ရသည်။
စေတီစောင့်နတ်က
မဏိမေခလိုင်ကို လူပေါင်းများစွာကို ယုတ်လျှော့သည် မရှိပဲ အစား၊ အစာကျွေးမွေးနိုင်သော
ခွက်(အိုး) တစ်လုံးပေးလိုက်သည်။ မဏိမေခလိုင်သည် မွေးရပ်မြေ ကာဝေရိ ပတ္တနန်သို့ ပြန်ရောက်သော
အခါ မရှိဆင်းရဲသားများကို နေ့စဉ်နေ့တိုင်း အစာကျွေးမွေး သည်။ စောဠရှင်ဘုရင်သည် မဏိမေခလိုင်၏
လုပ်ရပ်ကို သဘောကျ နှစ်သက်သဖြင့် လိုရာ ဆုတောင်းစေသည်။
သူမသည်
အကျဉ်းထောင်ကို ထမင်းကျွေး အဆောင် အဖြစ်ပြောင်းလဲပေးဖို့တောင်းဆိုသည်။ သူမတောင်းဆို ချက်
ကို ဘုရင်က ဖြည့်ဆည်းပေးလိုက်သည်။
ကံကြမ္မာ
ရိုင်းရိုင်း
ကာယဆန္ဒိကာ မည်သော
မိန်းမတစ်ဦးသည် လင်ယောင်္ကျားကို ထားခဲ့ပြီး မဏိမေခလိုင် ထမင်းကျွေးမွေးရာ ထမင်းဆောင်သို့
အခြား တောင်ယမ်းစားသောက်သူများနှင့် အတူရောက်လာသည်။ ကာယဆန္ဒိကာသည် လှပတင့်တယ်ပြီး မဏိမေခလိုင်နှင့်
ခပ်ဆင်ဆင်တူသည်။
ကာယဆန္ဒိကာ၏ ယောင်္ကျားသည် သူ့မိန်းကိုလိုက်ရှားရင်း မဏိမေခလိုင် ရှိရာသို့ရောက်လာသည်။
ကာယဆန္ဒိကာ၏ လင်ယောင်္ကျားသည် မဏိမေခလိုင်ဘိက္ခုနီမအား သံယောဇဉ် မပြတ်သေးသဖြင့် ကိုလာရောက်
ပိုးပန်းသော ဥဒယမင်းနှင့် စကားပြောနေသည်ကို တွေ့ရလေသည်။
မဏိမေခုလိုင်ပြောနေသည်မှာ
မင်းသား ရုပ်ခန္ဓာသည် အသုံးမကျပါ၊ ရွံ့ရှာဖွယ်ရာသာဖြစ်သည်။ အသုံးမကျသော မိမိခန္ဓာကို
စွဲလမ်းမနေပါနှင့် စွဲလမ်းခြင်းကို စွန့်လွှတ်ပါဟု တရားဟောနေခြင်းဖြစ်သည်။
ကာယဆန္ဒိကာ၏ လင်ယောင်္ကျားသည်
မဏိမေခလိုင်ကို သူ၏ ဇနီးမယားဟုထင်နေသည်။ ဥဒယမင်းကိုလည်း မိမိ မိန်းမကို ချစ်ရေးဆိုနေသည်ထင်နေသည်။
ထို့နောက် ပုန်းနေလိုက်သည်။
အခွင့်အရေးရသောအခါ ဥဒယမင်းကို သတ်လိုက်သည်။ ထိုအဖြစ် အပျက်သည်
လူသိထင်ရှားဖြစ်လာ သည်။ အဖြစ်မှန်ကို မသိကြသူများက မဏိမေခလိုင်သည် ဥဒယမင်း အပေါ်အငြှိုးထား
သတ်သည် ထင်ပြီး ထောင်သွင်း အကျဉ်းချ ထားလိုက်သည်။ အဖြစ်မှန်ပေါ်သော အခါ မဏိမေခလိုင်သည်
ထောင် မှလွတ်သည်။
မတည်ငြိမ်ခြင်းမှ
တည်ငြိမ်ခြင်းသို့
လောကီလူ့ဘောင်၏
အရှုပ် အထွေးများဖြင့် ပွေလီနေသော ဤနေရာတွင် မလုံခြုံတော့ မှန်းသိသဖြင့် ဂျာဗားကျွန်းသို့
ဘုရားဖူးသွားသည်။ ထိုမှ ပြန်ကြွလာသော အခါ ကဉ္စီပူရမြို့တွင် နေထိုင်သည်။ ပိဋကတ်မြို့
တော်ကြီးလိုဖြစ်သော ကဉ္စီပူရမြို့တွင် ဆရာများစွာ အထံမှ ပိဋကတ်တော်များကို သင်ယူ သည်။
နောက်ဆုံးတွင်
မိမိ၏ ဆရာရင်းဖြစ်သော အာရ၀ဏ ဒိဂေါရှိရာ ပြန်ပြီး ပိဋကတ်တော်များကိုလေ့လာ ရင်း မြင်မြတ်သော
ဘိက္ခုနီမ အဖြစ်ဖြင့်နေထိုင်လျှက် ဘ၀ကို အေးအေးချမ်းချမ်း ကုန်ဆုံးစေခဲ့သည်။
မဏိမေခလိုင်၏
ဘ၀သည် အစက အနု၊ အလှ ဆန်သည်။ အလယ်ပိုင်းတွင် သောကများနှင့် ကြုံရသည်။
ငြမ်းချမ်းလုလု
အခြေအနေတွင် လောကကြီး၏ ပြုစားချက်ကို ပြင်းပြင်း ထန်ထန်ခံရသည်။
ဗုဒ္ဓတရားတော်များတွင် ခိုင်မြဲသော အသိစိတ်ကြောင့် ဘ၀သည် ဗရမ်းပတာ မဖြစ်ခဲ့။
နောက်ဆုံးတွင် လောကကြီးကို
ငြီးငွေ့ပြီး ပိဋကတ် လေ့လာခြင်းများနှင့် ဘ၀ကို မြှပ်နှံလိုက်သည်။
သူမသည်
ပေးဆပ်ခြင်းများစွာနှင့် ဗုဒ္ဓသာသနာတော် အတွက် ပေးဆပ်ခဲ့သည်။
No comments:
Post a Comment