သမင်၊
ဒရယ်၊ ချေ၊ သစ်ကျားတို့စုံသည်။ တောမြိုင်တစ်ခုလုံးသည် ဆိတ်ငြိမ်အေးချမ်းသည်။ တရားရှာ သူ
ယောဂီသူတော်စင်တို့ရှိကြသည်။ လောကီ လူ့ဘောင် ခွါရှောင်ကာ တောဝင်သူ တို့ပျော်မွေ့ ရာ မြိုင်ရဂုံ၊
ကောင်းကင်ပျံ ဈာန်ရှင်ရသေ့တို့ ဤတောမြိုင်တွင် ဆင်းသက်နား ခိုခြင်းဖြင့် အေးချမ်း မှုရှာကြသည်။
အေးချမ်း သော ထိုတောရဂုံကို “ ရသေ့ကျတော” ဟုခေါ်ကြသည်။
အသောကမင်း ကောင်းမှု မဟာဗောဓိစေတီတော်နှင့် ဗောဓိပင် ရုပ်ပွားတော်
သားသမင်တို့ပျော်မွေ့
ရာလဲဖြစ်သောကြောင့် “ မိဂဒါဝန” သားပေါင်း ရဂုံဟုလဲခေါ်ကြပြန်သည်။ ထိုဖြစ်ရပ်နှစ် မျိုးကို
ခြုံငုံကာ “ဣသိပတန မိဂဒါဝန” ဟူသော တောရဂုံသည် ဗုဒ္ဓသာသနာတော်တွင် ထင်ရှားသည်။ မြတ်ဗုဒ္ဓသည်
မဟာသက္ကရာဇ်( ၁၀၃) ခုတွင် အိန္ဒိယရှေးဟောင်း နည်းဖြင့်တရား ရှာသော ယောဂီ သူတော်စင်ကြီးငါးဦးကို
တရားဦးဟောသည်။ ထိုတရားတွင် အလယ်အလတ်လမ်းစဉ် ကို ဟောပြသည်။
“ဒွေ
မေ ဘိက္ခဝေ အန္တာ ပဗ္ဗဇိတေန န သေ၀ိတဗ္ဗာ”
ရဟန်းတို့၊
ရဟန်းဖြစ်သောသူသည် အစွန်းနှစ်ပါးကို မမှီဝဲအပ်ပေ။ ဤသို့ဟောပြလိုက်ခြင်းဖြင့်
အိန္ဒိယရှေးဟောင်း သူတော်စင် ငါးဦးသည် ဗုဒ္ဓသာဝကများဖြစ်လာကြသည်။ သံဃာရတနာပေါ်ထွန်းသော
နေ့ထူးဖြစ်သည်။
ဝါဆိုလပြည့်ည၏
လ၀န်းသည် ထူးထူးခြားခြား အရောင်ပိုတောက်နေသည်။
မိဂဒါဝုန်တောအလုံးကို လရောင်ဖုံးထားသည်။
မိဒါဝုန်တောသည်
ဆိတ်ငြိမ်အေးချမ်းသည်။ သားသမင် အပေါင်းတို့ဖြင့် အေးချမ်းသည်။ ဈာန်ပိုင်ရှင်ရသေ့ တို့ဖြင့်
အလှဆင်ကြသည်။ ဗုဒ္ဓသည် သာဝက ပဉ္စ၀ဂ္ဂီငါးဦးဖြင့် တရားဦးဟောကာ မဇ္ဈိမလမ်းစဉ် ကို ဟောပြလိုက်ခြင်းသည်
အသာလွန်ဆုံးဖြစ်သည်။ အလှဆုံးလည်းဖြစ်သည်။
ရဟန်းတော်တို့၊
ခရီးသွားကြ၊ လောကလူသားချမ်းသာ အတွက်၊ လောကလူသားအကျိုး အတွက် ခရီးထွက်ကြသည်။
နာလန္ဒာ မဟာဝိဟာရ တက္ကသိုလ်ကျောင်းတိုက်
သကျပုတ္တများသည်
အိန္ဒိယတစ်ဝန်းသို့ ခရီးဆက်ကြသည်။ ဗုဒ္ဓဘုရားရှင်နှင့် ဗုဒ္ဓသာဝကရဟန်းတော်များမှ တဆင့်
မဇ္ဈိမဒေသသည် “အလယ်အလတ်လမ်းစဉ်”ကို တွေ့ခဲ့ကြသည်။
ဘုရားရှင်၏
အလယ် အလတ်လမ်းစဉ်သည် ဇာတ်စနစ်မရှိ၊ တရားသိရန် ယောင်္ကျား၊ မိန်းမ၊ ကျွန်၊ သခင်၊
ဘုရင်၊ အခစား၊ သူတောင်းစား၊ သူတော်စင်ခွဲခြားမထား၊ တရား သိနိုင်စွမ်းသော အသိကိုသာ အဓိက
ထားသည်။
ဗုဒ္ဓလမ်းစဉ်သည်
ခေတ် အဆက်ဆက် အိန္ဒိယသားတို့နှလုံးသားကို ဆုပ်ကိုင်ဖမ်းစား ငြိမ်းချမ်းရေး တရားများ ရှိစေခဲ့သည်။
ဗုဒ္ဓတရားတော်များကို
ပြင်ပနိုင်ငံများသို့ ဖြန့်ဖြူး ပို့ဆောင်ပြန့်ပွားစေခဲ့သည်မှာ အသောကမင်းဖြစ် သည်။
မဇ္ဈိမလမ်း စဉ်ပေါ်ထွန်းရာနေရာမြတ်တွင် စေတီတော်ကြီး တစ်ဆူတည်ထားပြီး ဘုရားရှင်ကို ဦးညွတ်
ပူဇော်ထားသည်။ ဓမ္မစင်္ကြာတံဆိပ်ကို မြတ်နိုးတန်ဖိုးထားခဲ့သည်။
သူတည်ထားခဲ့သော
စေတီတော်ကြီးများတွင် လှည်းဘီးပုံစက်ဝန်းကြီးများကို ထွင်းထုထားခဲ့ခြင်းသည်
သက်သေဖြစ်သည်။
အသောက ကျောက်စာတိုင်
သူလျှောက်လမ်းခဲ့သမျှသော
ဗုဒ္ဓနှင့် သက်ဆိုင်သော နေရာတိုင်းတွင် ကြီးမားသော ကျောက်တိုင်ထိပ်တွင် အားမာန်ပါပါ
ဝင့်ကြွားနေသော ခြင်္သေ့ကြီးများ၏ စွမ်းအားဖြင့် ဘုရားရှင်၏ အတုမဲ့
စွမ်းအားတော်နှင့် တရားဟောကြားခြင်း အဓိပ္ပာယ်ကို ဖော်ဆောင်ခဲ့သည်။
ယနေ့ထိုအမှတ် အသားသည် အိန္ဒိယနိုင်ငံ၏ အမှတ် အသားပင်ဖြစ်တော့သည်။
No comments:
Post a Comment