ချင်းတွင်းမြစ်ကမ်းတွင်းနှင်းတို့ဖွေးဖွေးလှုပ်နေသည်။ ကသုတ်ကရက်တိုက်ခတ်လာသော
မြောက်လေသည် စိမ့်ကနဲ့အေးစေသည်။
မြစ်ပြင်ကလှိုင်းတို့၏ တီးတိုးဆိုသံသည်ညင်းညင်းသာသာရှိသည်။
နှင်းဖုံးနေသော မြစ်ပြင်ကြီးလည်း အေးချမ်းနေရော့မည်ထင်မိသည်။
တောင်တန်းမြေမှ တောကျောင်းလေး
မြစ်ပြင်နှင့် ရွာဆီသို့ ဦးတည်သော လမ်းလေး အကြားတွင် သောင်ပြင်ပြန့်ပြန့်က
နိမ့်ချည် မြင့်ချည်ရှိလှ သည်။ ဘုန်းကြီး..၊ ဒီစေတီတော်လေးကို အရင်ဘုန်းကြီးက တည်ထားခဲ့တာဘုရား။
နာဂလူမျိုးကြီးလက်ညှိုး ထိုးပြရာ ကြည့်မိတော့ နှင်း အထွတ်တပ်ထားသော တောင်ကုန်းပေါ်တွင်
ရွှေရောင်တ၀င်းဝင်းဖြင့် ကြည်နူး ဖွယ် စေတီတော်ကို ဖူးတွေ့ရသည်။
တိမ်ပင်လယ်နှင့် နှင်းထုတို့အကြား ဈာန်ယျာဉ် စီးနေသလိုရှိနေသော
စေတီတော်ကို ဦးခိုက်ပူဇော်လိုက် သည်။ အအေးဓာတ်တို့သက်သာသလိုလိုခံစားမိသည်။ စေတီတော်လွန်
တော့ ရွာအ၀င်ဖြစ်သည်။ ရွာလေး၏ အဦးပိုင်းတွင် သာသနာပြုဘုန်းတော်ကြီးကျောင်းသည် အထီးထည်း
ဆန်လှသည်။
ဒီရွာကို သာသနာပြုကြွတဲ့ ဘုန်းကြီးတွေက ဦးဆောင်ဆောက်လုပ်ခဲ့ကြတဲ့
ကျောင်းပေါ့ဘုရား။
နာဂလူမျိုးကြီးကား ကျောင်းဘက်သို့ဦးတည်သော လမ်းကို မိမိနှင့်
အတူလိုက်ပါသည်။
နာဂပျိုဖြူတို့ကား ရွာထဲလမ်းသို့ ၀င်ကြသည်။ အသွား အလာနည်းနေသော
ဘုန်းကြီးကျောင်းလမ်းလေး သည် မြက်ပင် အကြိုအကြားတွင် တောင်ယိမ်း မြောက်ချီဖြင့် နိမ့်တစ်ခါမြင့်တစ်လှည့်ရှိသည်။
အရင်ကျောင်းဟောင်းကတော့ ရွာဟောင်းဘက်မှာ ကျန်ခဲ့ပါတယ်ဘုရား။
ပြောရင်းဆိုရင်းကျောင်း အတွင်းသို့ ရောက်လာခဲ့ပြီ။ ကျောင်းဝင်းသည်
စောင့်ရှောက်သူကင်းနေသဖြင့်
မြက်ရိုင်းပင်တို့ ထိုးထိုးထောင်ထောင်၊ စည်းရိုးတိုင်တို့
ရိုးရိုးယိုင်ယိုင်။
ကျောင်းထဲရောက်သော ရွာထဲသို့ လှမ်းကြည့်မိသည်။ ရွာဟုဆိုသော်လည်း
တောတစ်ဝက်အုပ်နေသည်။ မီးခိုးလူလူတို့သည် နှင်းတို့ရောထွေးလျက် ရွာကို အလှဆင်သည်။
နာဂရိုးရာ အော်ဟစ်သီကျူးသော တေးသံသည် တောင်ယံများကို ပဲ့တင်းထပ်စေလက်ရှိသည်။
ဒီရွာတည်ခဲ့တာကြာပလားဗျ။ ဒကာကြီး...၊
မှန်ပါ၊ တပည့်တော်တို့ အဘိုးအဘွားတို့ ဟိုတောင်ပေါ်ကနေ အောက်ကိုဆင်းလာပြီး
ရွာတည်ခဲ့ကြတာပါ ဘုရား။ တောင်ပေါ် ရိတူရွာကနေ အောက်ဆင်းလာကြတာပါ။ ပိန်းကူးနာဂမျိုးတွေပေါ့ဘုရား။
မြစ်အောက်ဘက်မှာ နန်ဖာလို့နာဂရွာရှိသေးတယ်။ လူမျိုး အတူတူပါပဲဘုရား။
ဘုန်းဘုန်းနောက်တော့ အဲဒီရွာကို ရောက်ဦးမှာပါ။
ဘုရားရင်ပြင်ရောက် နာဂတောင်သူ တောင်တန်းသားများ
တောင်ပြာပြာတို့သည် ၀န်းရံထားသည်။ နှင်းဖြူဖြူတို့ အုပ်မိုးလျက်ရှိသည်။
တောင်တန်းပြာပြာနှင့် နှင်းဖွေးဖွေးတို့ အလွန်ကို စိတ်ရောက်ပြီး
တွေးကြည့်မိသည်။
ရင်ထဲစိမ့်ကနဲ့အေးသည်။ မြောက်ပြန်လေကြောင့် တရွှီးရွှီးတောတိုးသံတို့ကို
ကြားယောင်လာမိသည်။
ဘုန်းဘုန်း၊ တပည့်တော်ရွာထဲကို သွားဦးမယ်ဘုရား။ ညနေပိုင်းလောက်ပြန်လာခဲ့ပါဦးမယ်။
ပြောပြောဆိုဆိုနာဂလူမျိုးကြီး ဦးကျီးမိုးသည် ဘုရားရှင်ကို ဦးချကာ ပြန်သွားလေပြီ။
ကျောင်းလေးပေါ်တွင် မိမိတစ်ယောက်တည်း။ မန်း တက္ကသိုလ်မှ တောင်တန်းဒေသ
အသီးသီးသို့ စေလွှတ် လိုက်ကြသောသူငယ်ချင်းများရောမိမိတို့ ဒေသ အသီးသီးသို့ ချောမောအောင်မြင်စွာ
ရောက်ကြပါ ၏ လောတွေးရင်းဖြင့် တောင်တန်း သာသနာပြုဘ၀ကို စတင်ရတော့သည်။
ကျောင်း အပြင်တွင် နှင်းတို့ကြဲပါးစပြုနေပြီ။ အရှေ့ဆီက တောင်တန်းကြီးကို
မေးတင်လျက် နေ၀န်း လည်း ပေါ်ထွက်လာပြီ။
ချင်းတွင်းမြစ်ထက်ဖျားက နာဂရွာလေး ပဒူးမုန်းသည် ရောင်ခြည် တစ်ချို့သန်းလျက်ဖြင့်
သက်ဝင်လှုပ် ရှား နေလေသည်။
No comments:
Post a Comment