Pages

Tuesday, April 9, 2013

ဦးဇင်း ကျွဲပျောက်


တပေါင်းလေ အနော့တွင် ကန်ရေပြင်သည် ပြေပြေလေးဆော့နေသလိုရှိသည်။
ကန်ရိုးတစ်ဘက်ရေစပ်စပ်ရိုးပြတ်တောတွင် ကျွဲလေး ငါး ခြောက်ကောင် ညွံလူးလျက်တစ်မျိုး၊
ရေစိမ်လျက်တစ်ဖုံဖြင့် နွေနေအပူကို ရေကူနေကြသည်။ နေရှိန်ကြောင့် စိမ်း ပြာ ညိုညို ပန်းဗေဒါစိုစိုတို့
အရောင်လက်ပြီး လှိုင်းစီးနေကြသည်။ မန်းကျည်ပင်ရိပ်တွင် ဦးသုမနရှိနေသည်။

လယ်တောနှင့် ဘုန်းတော်ကြီးကျောင်းကို မန်းကျည်းပင်တန်းကြီးက အကြားခံထားသည်။
လယ်တောသည် အဖေ့လယ်တော၊ ဘုန်းကြီးကျောင်းကား ဦးရီးတော် ထိုင်သည့် ကျောင်း၊
တပေါင်းလေကြောင့် အဟောင်းတို့ အသစ်ဖြစ်ချေပြီ..။

"အင်း..ငါ့ ကျွဲတွေရေမျောကုန်တုန်းကလဲ ဒီလောက်များမယ်ထင်တယ်"

ဦးသုမနတိုးတိုးလေးရေရွတ်နေသည်။


……………………….

ဦးကြီးဘုရား၊ တပည့်တော်ကို ကယ်ပါဦးဘုရား။
ပြီးတော့ တပည့်တော်ကိုရင်ဝတ်ပါရစေဘုရား။
မင်းဟာက အရင်းမရှိ၊ အဖျားမရှိ ဘာတုန်းထွန်းအံ့၊

ဆရာတော်ကား တူဖြစ်သူကို သေချာကြည့်ပြီး မိန့်တော်မူသည်။
ထွန်ူအံ့ကားချွေးတစ်လုံးလုံးဖြင့် ဟောဟဲဆိုက်လျက် ..။

တပည့်တော် ကျွဲတွေ မြောင်းထဲပါပြီး ပြွန်ပေါက်ထဲပိတ်မိလို့ သေကုန်ပြီထင်တယ်ဘုရား။
အဲဒါ အဖေလိုက်လာပြီး တပည့်တော်ကို ရိုက်တော့မယ်ဘုရား။
တပည့်တော်ကိုရင်ဝတ်ပါရစေဘုရား။
အေ ..၊ မင်းဟာကကွာ၊ ဟုတ်သေးပါဘူး။
………………….
…………………….

အေး ..။ မင်းအဖေငါ့ညီအကြောင်းငါသိတယ်။ ဒီကောင်စိတ်တိုတတ်တယ်။
မင်းမြင်နေရင် စိတ်ဆွပေးနေသလိုရှိရော့မယ်။
သွားသွား၊ ကျောင်းပေါ်တက်နေလိုက်ဦး။
……………………

ဦးဇင်း၊ ထွန်းအံ့လာသလားဘုရား၊
ဆရာတော်ကား အေးဆေးတည်ငြိမ်စွာဖြင့်..
မင်းမြင်လို့လားဟ၊ ငါ့ဆီလာတာ။
ဦးဇင်းဆီ မလာရင် ဒီကောင်းဘယ်သွားမလဲ၊ တပည့်တော်သိတယ်။
ဒီကောင်ကြောင့် တပည့်တော် ကျွဲခုနှစ်ကောင် ပြွန်ပေါက်ထဲပါပြီးသေကုန်ပြီဖျာ့။
အဲတော့ မင်းက ဘာလုပ်ချင်တာတုန်း…။
ဒီကောင်တော့ သေရအောင်သာပြင်ထားပေတော့ပေါ့ဘုရား။
ဟေ့ကောင်၊ ဒါဘုန်းကြီးကျောင်းနော်။ မင်းသတိထားဦး။
ငါ့ဆီလာတာပေါ့။ အခုကိုရင်ဝတ်မယ်လို့ ပြောနေတယ်။
မင်းဆီပြန်လာမှာလဲ မဟုတ်သေးတော့။ ကိုရင်ဝတ်ပေးထားတာကောင်းပါတယ်။
ဒါကတော့ ဦးဇင်းသဘောပဲ၊ အိမ်ပြန်လာရင်တော့ မှတ်လောက်သားလောက် ဆုံးမရမှာပဲဘုရား။
အကိုဦးဇင်းကို ဒေါသများဖြင့် လျောက်ထားနေလေသည်။

မင်းက ရိုက်တော့ရော မင်းကျွဲတွေက ပြန်ရှင်လာမှာမို့လား။
ထွန်းအံ့ အဖေဘာမှ မပြောသာသဖြင့် အကိုဦးဇင်းကို ပုဆိန်ပေါက်သလို ဦးချပြီး ရွာထဲပြန်လေ၏။


ထိုညနေ ထွန်းအံ့ ကိုရင်ဝတ်သည်။ အိမ်မပြန်လိုသဖြင့် မြို့သို့ စောစောတက်သည်။
ရွာမပြန်ခဲ့ပဲ စာများသင်သည်။ စာတွင်သာစိတ်စိုက်ထားသည်။ အတိတ်ကို မတွေးချင်။ အဖေ့ကိုမြင်ယောင် လွန်း၍ဖြစ်သည်။

ခြောက်ဝါ ခုနှစ်ဝါ အတွင်း အထက်တန်း စာမေးပွဲများကို အောင်မြင်သည်။ သီတင်းကျွတ်ကာလများတွင် ရွာသို့ ပြန်လာသော်လည်း ဒကာကြီးကို အသိ မပေး။ အဟောင်းတွေ အသစ် မဖြစ်စေလိုသည့် သဘော ရှိပေမည်။

ဦးရီးတော် ညွှန်ကြားချက်အရ ပလ္လင်တက်ရသည်။ တရားကိုလိမ့်ပတ်လည်အောင်ဟောတတ်သည်။
ဦးထွန်းအံ့ အဖေသည် သားပြန်လာတိုင်း ကျောင်းသို့ရောက်သည်။ သားဦးဇင်းဟောသော တရားများကို နာယူသည်။ 
ကြည်နူးမှုများဖြင့် ပြုံးနေတတ်သည်။ သို့သော် သားဦးဇင်းကို ကောင်းကောင်း စကားပြောခွင့် 
တစ်ခုသော တရားဟော အပြီးတွင် ဦးဇင်းထွန်းအံ့သည် ကျောင်းခေါင်းရင်းရှိ လယ်ကွင်းများကို ကြည့်နေ သည်။


ပန်းဗေဒါတို့ လေယူရာယိမ်းလျက်၊
ခပ်လှမ်းလှမ်းတွင် ကျွဲတစ်အုပ် အစာစားလျက်၊
ကျွဲကျောင်းသား၏ စားကျက်လွန်ကျွဲများကို အော်ငေါက်လိုက်သံသည်
ဦးဇင်းထွန်းအံ့ကို အတိတ်ကမ္ဘာမှ လက်ရှိပစ္စက္ခသို့ ဆွဲယူလိုက်သလိုရှိသည်။

"အော်…၊ ကြာတောင်ကြာခဲ့ပေါ့။ ဒကာကြီးစိတ်ဆိုးပြေလောက်ပြီထင်ပါတယ်လေ"

တိုးတိုးလေးရေးရွတ်ရင်း ကျောင်းသို့ ပြန်ရန် နောက်သို့ အလှည့်တွင် …
ဦးဇင်း..၊ တပည့်တော်လေ၊ ပြွန်ပေါက်ထဲပါပြီ သေကုန်တဲ့ ကျွဲတွေကို ကျေးဇူးတင်လိုက်တာဘုရား။
အိမ်လဲကြွပါဦးဘုရား။ ဦးဇင်းမယ်တော်ကြီးလဲ စောင့်နေတယ်။

ဘယ်အချိန်ကရောက်နေမှန်းမသိသော ဒကာကြီးသည် သားဦးပဇင်းကို ငေးလျက် လျောက်ထားသည်။

ထိုညနေ၏ တိမ်တောက်နေပုံသည် အလွန်လှသည်။
ဆယ်ဝါရလုလုဦးဇင်းထွန်းအံ့ အမူအယာသည် အလွန်နုပျို၍ သွက်လက်နေလေသည်။
ဒကာကြီးကားသားဦးပဇင်း နောက်တော်ပါးက လိုက်ပါလျက် ရွာသို့ ၀င်နေသည်။

ခင်မင်ရင်းနှီးသူများက ဦးဇင်းကျွဲပျောက်ဟု ခေါ်လိုက်တိုင်း ဦးသုမနသည် ရွယ်ငယ်နုပျိုသော အပြုံး 
ဖြင့် ပြုံးနေလေ့ရှိသည်။ 


No comments:

Post a Comment