တက္ကသိုလ်ဟူသောလမ်းကို စတင်လျှောက်လှမ်းမိတော့
မန်းမြို့ကြီးရဲ့ အထင်ကရ ၈၄ လမ်းပေါ်က ထူးထူခြားခြား ဗန်ဒါပင်ရဲ့ ကြွေကျရွက်အို၊ စိမ်းစိုနေသော
ပင်ယံထက်ရွက်ပျို၊ မိုးရေနဲ့ အတူ မျောပါးသွား တဲ့ ရွက်မျောတို့ကိုမြင်ယောင်မိသည်။
ထိုစဉ်က မန္တလေးမြို့၊ ဗုဒ္ဓတက္ကသိုလ်သည်
university မဟုတ်သေးပါ။ Buddhist academy ဟုသာ ခေါ်သေးသည်။ သိရီပ၀ရ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ၊
လန်ဒန်၊ ဆရာကြီး ဦးမြင့်ဆွေတည်ထောင် ထားသော private school ဖြစ်သည်။ မန္တလေးမြိုရှိ၊
လေးပြင်လေးရပ်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ တက် ရောက်ကြသည်။
တက်ရောက်လိုသော ရဟန်းတော်သည်
p.s.e ( pali, Sanskrit and English) ဒီပလိုမာအတွက် ပထမကြီးတန်းအောင် မြင်ရမည်။
.......…………ဤသို့ဖြင့် ရောက်ခဲ့ရသည်။ ဖြစ်ခဲ့ရပြီ
တက္ကသိုလ်ကျောင်းသား၊ မနက်ပိုင်းဆွမ်းခံကြွ ၊ နေ့လည်ပိုင်း ဆွမ်းစား အပြီး ခဏနားကာ ကျောင်းသို့လာခဲ့ရသည်။
ကျောင်းတက်ဖော်သူငယ်ချင်းများအဖြစ်
ဦးသောဘိတ နှင့် အရှင်သြဘာသတို့ ဖြစ်သည်။
အရှင်သြဘာသ သည် စီနီယာကျသည်။ တစ်နှစ်စောပြီး
တက္ကသိုလ်ကျောင်း သားဖြစ်သည်။ တစ်ပတ် လျှင်လေးရက် တက်ရသည်။ p, s,e ဒီပလိုမာ အတွက် သင်ကြားသော
ဘာသာရပ်တို့မှာ ပါဠိ၊ သက္ကတနှင့် အင်္ဂလိပ်တို့ဖြစ် သည်။
ပါဠိနှင့် သက္ကတသည် စိတ်ဝင်စားစရာကောင်းသည်။
သဘောသွား တူညီပြီး အချင်းချင်း မျိုးတူစုများဖြင့် အပြောင်းအလဲလုပ် နိုင်သည်။
အင်ဒိုအာရယန်( indo- Aryan) ဟုခေါ်သည်။
အိန္ဒိယနိုင်ငံကြီး မှပေါ်ထွက်သော စာပေများဖြစ်ကြသည်။ ထို့အပြင် ပြာကတ၊ မာဂဓီ၊ သောရသေနီ၊
ပေသာစီစသည့် ဘာသာစကား အသုံး အနှုံးများကိုလည်း ကြား ရသည်။ ကျောင်းတက်ဖက်ဦးသောဘိတသည်
နေ့လည်ဆွမ်းစား အပြီး ၁၂နာရီတွင် ကျောင်း သို့သွား သည်။
အရှင်သြဘာသည်တစ်တန်းစောသောကြောင့်
ကျောင်းတက်ရက်တူသည်ကနည်းသည်။
ပြီးတော့ ကျောင်းမ တက်သည်ကလည်းများသည်။ မိမိကိုယ်တိုင်မူ
ဆွမ်းစားအပြီးတွင် ခဏအိပ်လိုက်သေး သည်။
၁၂ နာရီအခွဲတွင် ကျောင်းမှထွက်သည်။ ဂွေးချိုကျောင်းတိုက်၊
မိုးကောင်းကျောင်းတိုက် ဒက္ခိဏ၀န်ကျောင်း တိုက် စသည့်ကျောင်း တိုက်များကို ဖြတ်ပြီး ၃၁၊
၃၂ လမ်း၊ ၈၃လမ်းပေါ်ရှိ ဗုဒ္ဓတက္ကသိုလ်သို့ သွားရသည်။
မိုးရွာလည်းကျောင်းသွားသည်။ နေပူသည်က များသည်။
ဆောင်း အခါဝယ် လမ်းလျှောက် ရသောကြောင့် ဆောင်း အရသာကောင်းကောင်း မပေါ်ပါ။
စာသင်ခန်းအတွင်းရောက် မှ
အေးစိမ့်စိမ့်ဓာတ်ကိုရတတ်သည်။ နေ့လည် တစ်နာရီမှ အတန်းတက်ရပြီး ညနေ လေးနာရီအထိဖြစ် သည်။
အတန်းအချိန်းပြောင်းတွင် နားရ သည်လည်းရှိသည်။ ရံခါကြားကလာ မရှိပဲ ပါဠိ၊ သက္ကတဆရာနောက် အင်္ဂလိပ်ဆရာ တိုက်ရိုက်ဝင်သောကြောင့်
မနား လိုက်ရသည်လည်း ရှိသည်။ ထိုအခါမျိုးတွင် သူငယ်ချင်းက စိတ်တိုသည်။ အချိန်မတိကျဟုတိုးတိုးလေးပြောသည်။
တက္ကသိုလ်ကျောင်းသား ဘ၀သည် ဤသို့ရှိသည် သိလိုက်ရပြီ၊
ကိုယ့်စားစရိတ်ဖြင့် ပညာကို သာသက်သက် သင်ပေးသည့် စနစ်ဖြစ်သည်။ ဤတက္ကသိုလ်ကြီးသို့ ကျောင်းဆရာ၊
အငြိမ်းစားကြီးများ လည်းလာရောက် တက်ကြသည်။
မြို့လယ်ဆူးခါးတိုက်ရှိ ဗန်ဒါပင်တို့သည် နေ့လည်နေ့ခင်းလေတ အနွဲ့တွင်
ဘယ်ညာယိမ်းနေ တတ်သည် ကို သတိရသည်။
မိုးရွာသော အခါ အတန်း တက်ရာ အခန်းဆောင်မှ စီးကျလာသော
မိုးရေတို့ဖြင့် သဲချောင်း
ပေါက်နေသော ရေစီးကြောင်းတို့သည် နေရောင်တွင် လက်လက်ထနေတတ်သည်။
ဤကျောင်းတော် တက္ကသိုလ်သို့တက်လာသော
ကျောင်းသားများတွင် ရဟန်းတော်များသည် ပါဠိနှင့် သက္ကတတွင် အလွယ်တကူ အဖြေရှာနိုင်သည်။
အင်္ဂလိပ်ဘာသာရပ်တွင် အငြိမ်းစား ဆရာကြီးများနှင့် လူဘွဲ့ရ ဆရာလေးများပိုမိုသွက်လက်ကြသည်။
ဘာသာရပ်များ အချင်းချင်းမေးမြန်းပြီး အတန်းတက်ရသည်မှာ ကြည်နူး စရာကောင်းသည်။
တက္ကသိုလ် အရသာပေါ်လာ
သလိုလိုရှိသည်။
အထက်တန်းရှေ့နေအဖြစ်မှ သီလရှင်ဝတ်ကာကျောင်းသူကြီးဖြစ်နေသော
ဒေါ်ကဉ္စ၀တီသည် လီယိုတော် စတွိုင်း၏ war and peace ကိုအင်္ဂလိပ်လိုပဲ ဖတ်သည်ဟု မကြာခဏပြောတတ်သည်။
မိမိတို့ဘုန်းကြီးများ ကား ပါဠိသမားများဖြစ်သောကြောင့် မျက်လုံးအပြူးသားဖြစ်ရသည်။ war and peace ဖတ်သော ဆရာမကြီးကား ခင်မင်စရာကောင်းသည်။
တစ်တန်းနှင့်တစ်တန်း အချိန်းအပြောင်းကြာကာလတွင်
တက္ကသိုလ် အနီးက စာအုပ်ဆိုင် ဥတ္တရာလွင်ပြင် တွင် စာအုပ်ဟောင်းရှာကြသည်။ ညနေစောင်းလေးနာရီ၊
လေးနာရီကျော်ကျော်တွင် အတန်းသိမ်းသည်။
အပြန်လမ်းတစ်လျှောက်က နဂါးစာပေ၊ ထွန်းဦးစာပေ၊
မြညွန့်ဆွေနှင့် လမ်းဘေးပုံရောင်းသော အဟောင်း စာအုပ်ဆိုင်များတွင် မွှေနှောက်ရင်းဖြင့်
နွေ၊ မိုး၊ ဆောင်းတို့တဖြုတ်ဖြုတ်ကြွေကုန်သည်။
မှတ်မိနေမိသည်ကာ ကျောင်းသွား ကျောင်းပြန်
လမ်းပေဘးက ဗန်ဒါပင်လေးဖြစ်သည်။
နွေတွင် ကြွေတစ်ချို့၊ ဝေတစ်ချို့၊ ၀ါဆိုဦးတွင် အဖူးအညွန့်အစုံစုံ၊
ဆောင်းတွင် အစိမ်း ရင့်ရင့်နှင့် နီ အ၀ါကျင်ကျင်တို့သည် တစ်မျိုးစီ လှနေသည်။