တပည့်တော်တို့ Final
ကျောင်းတော်သားများ အနေနဲ့ ယခင့်ယခင် နောင်တော်ကြီးများ လုပ်ခဲ့ကြသလို၊ လိပ်စာ
ပါတဲ့ ကဗျာစာအုပ်လေးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။
ဤသို့ စကားအချီဖြင့် သင်တန်းအပြီး စတိတ်စင်နား ရောက်ရှိလာသူကား ဦးဝဏ်ဏိတ(ခ) ကိုချက်ကြီး
ဖြစ်သည်။ ကဗျာလေးလဲပါစေချင်တယ်။
ပြီးတော့ တပည့်တော်တို့က ဒီကျောင်းတော်ကြီးက ထွက်ခဲ့ကြရရင် ဘယ်ဆီဘယ်ဝယ်ရောက်ကြမယ်
မသိနိုင်ကြဘူးဘုရား။
အဲဒီတော့ ခရီးကြုံခဲ့လို့ရှိရင် အလည်ဝင်လာရလို့ရအောင်
လိပ်စာလေးလဲ ပါစေချင်ပါတယ်ဘုရား။
လုပ်တာတော့ ဟုတ်ပါပြီ..၊ ခေါင်းစဉ်ကျတော့ ဘယ်လိုပေးကြမလဲ..၊
စိတ်ပါဝင်စားသောကျောင်းတော်သားကြီးတစ်ဦးက စကားလမ်းခင်းဝင်ရောက်လာသည်။
စိတ်ပါဝင်စားသောကျောင်းတော်သားကြီးတစ်ဦးက စကားလမ်းခင်းဝင်ရောက်လာသည်။
တင်ပ..၊ တပည့်တော်များ
ဝိုင်းပြီး ဆွေးနွေးစဉ်စားကြဖို့လိုပါတယ်.....
ကျောင်းတော်သားကြီးဘ၀ကသူ့အမြင် ကိုယ့်အတွေးဖြင့် ဒီလိုလေး ဒီမိုကရေစီဆန်ခဲ့ကြဖူးသည်။
မိမိတို့ နှစ်သက်ရာ ခေါင်းစဉ်များကို အသီးသီးတင်ပြကြသည်။
ကျောင်းတော်သားကြီးဘ၀ကသူ့အမြင် ကိုယ့်အတွေးဖြင့် ဒီလိုလေး ဒီမိုကရေစီဆန်ခဲ့ကြဖူးသည်။
မိမိတို့ နှစ်သက်ရာ ခေါင်းစဉ်များကို အသီးသီးတင်ပြကြသည်။
ပေးသည့် ခေါင်းစဉ်များကို မကြိုက်ရင် မကြိုက်သည့် အတိုင်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြသော သူများတွင် ယခုတိုင်မှတ်မိနေသော ကျောင်းတော်သားကြီးတစ်ဦးမှာ အရှင်ပညာဇောတ (ကိုနတ်ကြီး) ဖြစ်သည်။ သူ့စိတ်ထဲထင်လျင် တစ်ဖွဲ့လုံးနှင့် တစ်ယောက်တည်းဖြစ်ပစေ။ အခြေအတင်ဆွေးနွေးငြင်းဆိုသည်။
ခေါင်းစဉ်တစ်ခုအတွက်တောင်
ဤမျှဆွေးနွေးရပြီးဆိုလျင် ဘ၀တစ်လျောက်လုံးအတွက် ဆုံးဖြတ်ချက်ကား မည်မျှ
အချိန်ယူစဉ်စားရမည်ဖြစ်ကြောင်း အချက်အလက်ကောင်းကောင်းကို ရစေသည်။
ကိုချက်ကြီးကား စိတ်အားထက်သန်စွာ စည်းရုံးသည်။
ကိုချက်ကြီးကား စိတ်အားထက်သန်စွာ စည်းရုံးသည်။
စိတ်ပါဝင်စားစွာပါဝင်ဆင်နွှဲသူတို့ဖြင့်
ညံစီနေတတ်သည်။
ကျောင်းပိတ်လုနီးနီးတွင် ခေါင်းစဉ်တစ်ခုရလိုက်သည်။
ကျောင်းပိတ်လုနီးနီးတွင် ခေါင်းစဉ်တစ်ခုရလိုက်သည်။
“ကြိုးပြတ်သွားသော ပန်းတစ်ကုံးကို
ခြေရာခံခြင်း”
ထိုခေါင်းစဉ်ကို ကျောင်းတော်သားတိုင်းနှစ်သက်ကြသည်။
စာအုပ်အဖြစ်ထွက်ပေါ်လာသောအခါတွင်လည်း စာနု၊ စာယဉ်၊ စာခန့်များဖြင့် ကြည်နူးစရာကောင်း ခဲ့ကြသည်။
တောင်တန်း သာသနာပြုဘ၀တွင် ကျောင်းတော်သားကြီးရေးသော ကဗျာများကို ဖတ်ရင်းအားတင်း အလွမ်းဖြေရသည်။
ယခုတိုင်းလည်း အားတင်းလျက်ဖြင့် အမှတ်ရနေဆဲပါ။
............................................
သို့.
ဦးဝဏ်ဏိတ( ခ) ကိုချက်ကြီး..
ဦးဝဏ်ဏိတ( ခ) ကိုချက်ကြီး..
သတိတရဖြင့်
စာရေးလိုက်ပါတယ်။ ၂၀၀၇ခုနှစ်၊ မန်းတက္ကသိုလ်ကျောင်းတော်များရဲ့ လက်ဆောင်မွန်
address book လေးကို တိုင်ပင်ဆွေးနွေးကြတော့ “ကြိုးပြတ်သွားသော ပန်းတစ်ကုံးကို
ခြေရာခံခြင်း”တဲ့။
စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလိုပေါ့ဘုရား။
စေ့စေ့တွေးတော့ ရေးရေးပေါ်ဆိုသလိုပေါ့ဘုရား။
အခုတော့ တပည့်တော်တို့နဲ့
အတူတက်ခဲ့ကြတဲ့ ကျောင်းတော်သားကြီးတွေထဲက တစ်ချို့ကတော့ အမိကျောင်းတော်ကြီးရဲ့
အင်္ဂလိပ်ဌာန၊ ပါဠိဌာန၊ ၀ိနည်းဌာန၊ သုတ္တဌာနစသည်တွေမှာ ဆရာတွေ
အဖြစ်ကျန်ရစ်ခဲ့ကြတယ်ဘုရား။
တစ်ချို့ကတော့ လူအများကိုတရားဓမ္မဟောပြလမ်းညွှန်ရင်း နေရစ်ကြရဲ့။
တစ်ချို့ကတော့
ငယ်စဉ်က တောရွာကျောင်းလေးမှာ ရွာဦးဆရာတော် အဖြစ်နဲ့သီတင်းသုံးနေကြရဲ့။
တစ်ချို့တော့လည်း တောင်ပေါ်မြေမှာ သွေးချင်းတို့ အတွက် ပေးဆပ်ရင်း
သာသနာဆက်ပြုနေကြတယ်။
ပညာရေးခရီးမဆုံးနိုင်သေးသူများကတော့လည်းသီရိလင်္ကာနိုင်ငံမှာလည်း ကျောင်းတက်နေကြတယ်ဘုရား။
တစ်ချို့ကြတော့လည်း အိန္ဒိယမှာ
ကျောင်းတက်နေကြရဲ့။ တစ်ချို့က ထိုင်းနိုင်ငံမှာပေါ့ဘုရား။
စင်္ကာပူနိုင်ငံ၊
မလေးရှားနိုင်ငံတို့မှာလည်းရှိကြရဲ့။ အမေရိကနိုင်ငံတောင် တစ်ချို့က
ရောက်လို့ပေါ့ဘုရား။
တကယ်ကြိုးပြတ်သွားတဲ့
ပန်းတစ်ကုံးဆိုတာ သိလိုက်ရပါပြီ။
ဘယ်သူပြန်စီလို့ ရနိုင်ပါတော့မလဲဘုရား။
ဘယ်သူပြန်စီလို့ ရနိုင်ပါတော့မလဲဘုရား။
ရာသီတိုင်းမှာ ခရေတွေဝေ၊
လေပွေတွေထ၊ နန်း ကျုံးတော်နဲ့ ပနာရနေတတ်တဲ့ မန်းကျောင်းတော်သား များကို
သတိရတရှိနေမြဲပါလို့။ အခုရော ကိုချက်ကြီးဘယ်ရောက်နေလဲဗျ။
စာသင်ခန်းအတွင်းက
အရှင်ဘုရားရဲ့ ရယ်မောဖွယ်ပြောဆိုဟန်တို့ကို သတိတရရှိဆဲနေပါဘုရား။
နောက်ကြုံရင်လည်း
စာရေးပါဦးမယ်။
ချမ်းမြေ့ပါစေဘုရားး။