Pages

Wednesday, June 26, 2013

ရတနတ္တယံ ပူဇေမိ

 
သိစရာဖုံဖုံ၊ အလုံးစုံ၊ အကုန်သိပြီးပြီ။
ပယ်စရာဖုံဖုံ၊ အလုံးစုံ၊ အကုန်ပယ်ပြီးပြီ။
ကျင့် စရာဖုံဖုံ၊ အလုံးစုံ၊ အကုန်ကျင့်ပြီးပြီ။
သိ ပယ် ကျင့် စုံ။ မြတ်ဘုရားဂုဏ်၊ ကြည်ယုံမြတ်နိုးရှိခိုးမည်။
အပူဖုံဖုံ၊ အလုံးစုံ၊ အကုန်အေးစေသည်။
ကျင့်ဆောင်သူလျင်၊ အပူစင်၊ ကြည်လင်တောက်ပသည်။
ချိန်ခါမလင့်၊ အကျိုးသင့်၊ လက်ငင်းချမ်းသာသည်။
စ, လယ်, ဆုံး စုံ၊ တရားဂုဏ်၊ ကြည်ယုံမြတ်နိုးရှိခိုးမည်။
သီလ သမာ၊ ဓိပညာ၊ ကောင်းစွာ ကျင့်သုံးသည်။
လူ နတ် ချမ်းသာ၊ ဆောင်တတ်စွာ၊ ကောင်းစွာ လယ်ယာမည်။
သုံးလူ့ထွတ်ချာ၊ ဒေသနာ၊ ကောင်းစွာ ဟောမြွက်သည်။
မြတ်သံဃာဂုဏ်၊ စိတ်ဝယ်ထုံ၊ ကြည်ယုံမြတ်နိုးရှိခိုးမည်။
 

Saturday, June 22, 2013

ကြာလေ ဝေးမှာ စိုးတယ်


“ဂျဝါဟလာ နေရူးက အရူး” 

သူပြောသည်။ ဘာလို့ မင်းက မင်းတို့တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ကြိုးစားအားထုတ်ခဲ့တဲ့ သူ့ကို အရူးလို့ပြောရတာလဲပေါ့။ ဒီတော့ သူကပြောတယ်။ 

မင်းဘာသိလို့လဲ တို့နိုင်ငံမှာ တို့မြတ်နိုးတဲ့ ဟိန္ဒူဘာသာကို နိုင်ငံတော် ဘာသာ မပြဌာန်းပဲ အားလုံး လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိသည်ဆိုတဲ့မူကြောင့် ငါ ဆယ့်ငါးနှစ်သားက လူဦးရေ သန်းနှစ် ဆယ်ကျော်
ကျော်ရှိတဲ့ မူဆလင်ဦးရေက ငါ့ အသက် ငါးဆယ်နီး တဲ့ ဒီနေ့ မူဆလင်ဦး ရေ တို့နိုင်ငံမှာ သန်းနှစ် ရာကျော်နေပြီကွာ။ 

ပါကစ္စတန်ကို လွတ်လပ်ရေး ရတော့ ဖဲ့ပေးလိုက်ရတယ်။ ပါကစ္စတန်ကို တော်လှန်တဲ့  ဘင်္ဂေါသားတွေကို အကူအညီပေးပြီး တို့က လွပ်လပ်ရေးယူပေးလိုက်လို့ ဘင်္ဂလာဒေ့ဆိုတာဖြစ်လာတယ်။ 


ဟော..အခုတော့ လူဦးရေ အဆမတန်တိုးပွားတော့ နယ်စပ်ပြဿာနာတွေ နေ့တိုင်းနီးပါးကြုံနေရပါတယ်။ ပါကစ္စတန်နဲ့စပ်တဲ့ မြောက်ပိုင်း ကက်ရှမီးယား၊ ဂျမူးနယ်တွေမှာ ဘယ်မှာလဲ တို့ နိုင်ငံ ယဉ်ကျေးမှု၊ ဘယ်မှာလဲ တို့ အခွင့်အရေး၊ လူဦးရေနဲ့ဖိလိုက်လို့ မဆိုသလောက်ပဲကျန်တော့တယ်။ 

ဒါတွေက ဒီမိုကရေစီလို့ ခေါ်တဲ့ မူကြီးကို နေရူးချမှတ်ခဲ့လို့ တို့တိုင်းပြည်မှာ ဖောက်ခွဲမှုတွေ၊ အကြမ်းဖက် မှုတွေ၊ နေ့စဉ်သူတို့ လူဦးရေးတိုးပွား လာတာတွေက တို့ဒီနေ့ ရင်ဆိုင်နေရတဲ့ ပြဿနာပါပဲ..လို့ အိမ်နီးချင် ဟိန္ဒူ တစ်ယောက်က စပ်မိစပ်ရာ ပြောရင် ရင်ဖွင့်တယ်။

အိန္ဒိယနိုင်ငံဆိုတာဒီမိုကရေစီကို အခိုင်အမြဲဆုံး ကျင့်သုံးသောနိုင်ငံအဖြစ် ကမ္ဘာနဲ့အာရှမှာကျော်ကြား ပါတယ်။ ကာလတစ်ခု ရှိခဲ့ဖူးတယ်။ နိုင်ငံတော်သမ္မတကြီးက မူဆလင် ဘာသာကို ယုံကြည်တဲ့ အပ္ပဒူ ကလမ်၊ ၀န်ကြီးချုပ်က မမ်မိုဟမ်ဆင်း ဆစ်ဘာသာကိုးကွယ်တယ်။ ပါတီအကြီးအကဲဥက္ကဌက ဆိုနီယာဂန္ဓီ ခရစ်ယာန် ဘာသာကို သက်ဝင်ယုံကြည်တယ်။ ဘာသာပေါင်းစုံညီညွတ်စွာနဲ့ ဒီမိုကရေစီဖြစ်နေတယ်။ 

သူတို့ပြောနေတဲ့ နေရူးကို ကြည့်လိုက်ရင် သူကိုယ်တိုင် နိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် အဖြစ် သစ္စာရှိရှိ တာဝန်ထမ်းဆောင်သွားတယ်။ ဆက်လက်ပြီး တစ်ဦးတည်းသော သမီးဖြစ်သူကို နိုင်ငံရဲ့ အမျိုးသမီး ၀န်ကြီးချုပ် အဖြစ်နဲ့ ပေးဆပ်ပြန်တယ်။ သမီးဖြစ်သူက သားဖြစ်သူ နေရူးရဲ့ မြေး ရာဂျစ်ကို နိုင်ငံတော် ၀န်ကြီးချုပ်ဖြစ်အောင် သွန်သင်လမ်းညွှန်ခဲ့ပြန်တယ်။ 

ဒီနေ့ အိန္ဒိယနိုင်ငံ ကွန်ဂရက်ပါတီဆိုတာလဲ နေရူးမျိုး ဆက်တွေ ညွန်ကြားနေတဲ့ ပါတီကြီးဖြစ်ပြန်တယ်။ မိမိကိုယ်တိုင် အပြင်၊ သားစဉ် မြေးဆက် နိုင်ငံ အတွက် ပေးဆပ်ခဲ့သူဟာ နေရူးပါပဲ။
ဒါပေမယ့် နေရူးက အရူးတဲ့..။


.........................................

ဒီမိုကရေစီလူသားတွေကတော့ ကိုယ်ကြိုက်ရာ လူစုပြီးအော်နိုင်လို့ နေရူးကို ကျေးဇူးတင်ကြပေမယ်။ ဒါပေမယ့် ရိုးသားသော၊ မိမိရိုးရာကို မြတ်နိုးတတ်သော၊ မေတ္တာဖြင့်သာ အုပ်ချုပ်ရန်ညွှန်ကြားထားသော ဟိန္ဒူ အ၀န်းအ၀ိုင်းမှာ အကြမ်းဖက်မှု ကြားရတိုင်း တိုင်းတစ်ပါးမှ ကျူးကျော်ဝင်ရောက်လာ သူများဖြစ် နေကြတယ်။ လူ့အခွင့်အရေးဆိုကာ လူစုပြီးဝိုင်အော်ကြတယ်။ 

ဟိန္ဒူဘာသာ အများစုကိုးကွယ်တဲ့ တိုင်းပြည်မှာ ဥပဒေ ပြဌာန်းတိုင်း သူတို့နှင့် မတူဆိုကာ အလံမီး ရှို့သည်။ ဗုံးဖောက်သည်။ ရထားလမ်းမိုင်းထောင်သည်။ အကြမ်း ဖက်သည်။ သီးခြားနေထိုင်ခွင့် ဆိုသော စကားကို ကမ္ဘာသိအောင်အောပြသည်။ 

အနောက်ကမ္ဘာ ကလည်း ဘယ်သူကွဲကွဲ ကိုယ် မကွဲပြီးရော  အနေမျိုးဖြင့် လူ့အခွင့် အရေးဆိုသော
ပေတံဖြင့်တိုင်းတာကြသည်။ ယဉ်ကျေးမှုကို ထည့်မတွက်ကြ။ ဘာသာရေးကို ထည့် မတွက်ကြ။ 

ဘာပဲပြောပြော နောက်ရောက် ဧည့်သည်က အိမ်ရှင်များနဲ့ အေး အတူ ပူအမျှဖြစ်အောင်နေနိုင်ရမယ်။
ကျနော်မှာ မူဆလင် မိတ်ဆွေတွေရှိပါတယ်။ ဒါပေမယ့် ကြည့်ပြီးပဲပေါင်းရပါတယ်။ မလွယ်ဘူးဗျ..တဲ့။ 

သူပြောတာပါ။ ခံရပါများတော့ နည်းနည်းရိပ်မိနေပြီထင်တယ်။ သူ့အမြင်နောက်မကျပါစေနဲ့လို့ ဆုတောင်း ရပါတယ်။ သူ့အတွက်တော့ ပါကစ္စတန်လို၊ ဘင်္ဂလားဒေ့ရှိလို့ ထပ်မဖြစ်စေချင်ဘူး။ 

နှစ်ပေါင်းများစွာ အတူနေလာတဲ့ ခင်များတို့( ဗုဒ္ဓဘာသာ) နဲ့ကျနော်တို့ တိုက်ခိုက်ရလောက်အောင် ဘယ်တုန်းကမှ မဖြစ်ခဲ့ကြဘူး။ ပြီးတော့ ဗုဒ္ဓက ဒီမြေမှာ ဖွားတယ်။ ပြီးတော့ ဒီနိုင်ငံကို အများကြီး အကျိုး ပြုတယ်။ ဗုဒ္ဓလမ်းစဉ်လိုက်နာရင် စစ်မဖြစ်နိုင်ဘူးဆိုတာ တော်တော်များသိကြတယ်။ ဗုဒ္ဓဘာသာဝင် များရင် ကောင်းပါတယ်။ ငြိမ်းချမ်းမှုကိုဖြစ်စေတယ်။

ကျနော်တို့ရဲ့ နိုင်ငံခေါင်းဆောင်ကြီး မဟတ္တဂန္ဓီဆိုတာ ဟိန္ဒူယဉ်ကျေးမှုနဲ့ အတူ ရှင်သန်သွားတဲ့ သူကြီးပါ။ ဒီကနေ့ကျနော်တို့နိုင်ငံရဲ့ ပုံရိပ်ကြီးပါ။ ငြိမ်းချမ်းရေးသမားကြီးပါ။ ကျနော်သိသလောက်တော့ မဟတ္တ အမည် တပ်ပြီး ခေါ်ခွင့်ရှိတာ နှစ်ဦးပဲရှိတယ်။ ဂန္ဓီဂျီနဲ့ မြတ်ဗုဒ္ဓပါပဲ။
............................................................................


အခုတစ်လော အမေးခံရပါသည်။ မြန်မာနိုင်ငံမှာ အမျိုးစောင့်ဥပဒေ ပြဌာန်းဖို့အတွက် မြန်မာ ရဟန်းတော် များက အကြမ်းမဖက်ပဲ လှုပ်ရှားနေတဲ့ အကြောင်းပါ။ အဆိုပါ အမျိုးစောင့် ဥပဒေကို ထောက်ခံဖို့၊ ကန့်ကွက် ဖို့ မရှိသော်လည်း မြတ်နိုးမိသည်ကား အမှန်ဖြစ်သည်။ လိုအပ်နေလို့ဖြစ်သည်။ 

ကိုယ်ပိုင် ယဉ်ကျေးမှုကို အနောက်တိုင်းက တိုးဝင်လာသော ဒီမိုကရေစီဆိုတာဖြင့် မပျက်သုဉ်းစေ ချင်ပါ။ မြန်မာရေ၊ မြန်မာ့မြေ၊ မြန်မာ အတွေး၊ မြန်မာဝတ်စားမှုနဲ့ ကိုက်ညီမှ မြန်မာဒီမိုကရေစီဖြစ်ပါမည်။ အမေရိကန် ဒီမိုကရေစီကို ခိုးချလို့ မရနိုင်ပါ။ 

မြန်မာနိုင်ငံဆိုတာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ပါသည်။ ဗုဒ္ဓယဉ်ကျေးမှုနဲ့ကိုက်ညီသော လူ့အခွင့်အရေး ရှိရမည်။ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသားများနှင့် အတူ အခွင့်အရေး တန်းတူပေးဖို့ဆိုရင် ဤမြေကမ္ဘာတွင် တည်ရှိမည်မဟုတ်ပါ။ 

ဒီမိုကရေစီ ဘိုးအေ အင်္ဂလန်မှာလဲ မရှိဘူး။ လူ့အခွင့် အရေးလို့ ရှေ့တန်းက အမြဲအော်တဲ့ အမေရိက မှာလဲ မရှိနိုင်ဘူး။ 

ထိုသို့သော နိုင်ငံကြီးများတွင်သော်မှ မရှိနိုင်၊ မရှိသော ဒီမိုကရေစီဆိုတာကို ဘာကြောင့် မြန်မာ့မြေပေါ်မှာ တည်ဆောက်ချက်ကြပါလိမ့်လို့တွေးမိပါသည်။ 


ဒီမိုကရေစီခေါင်းဆောင်များ အမျိုးဘာသာနှင့် မိမိလူမျိုး အတွက် အရူးမဖြစ်ပါစေနှင့်လို့ပြော ရမည် သာ ဖြစ်သည်။ 

အမျိုးကို စောင့်သော၊ အမျိုးကိုချစ်သော၊ အမျိုးကိုမြတ်နိုးသော ဥပဒေမျိုးရှိရမည်သာဖြစ်သည်။ 

အမျိုးမချစ်သော၊ အမျိုးမစစ်သော၊ မျိုးရော သွေးနှောများ အတွက် သူတို့နှင့် ကိုက်ညီသော ဒီမိုကရေစီ ဆိုလျင် ဤမြေကမ္ဘာတွင် မရှာနှင့်တော့။
.....................................................................

အကြမ်းမဖက်ပဲ ဒီမိုကရေစီ နည်းလမ်းအတိုင်း အမျိုးစောင့်ဥပဒေကို ဖော်ဆောင်၊ အားပေးနေသော ဆရာတော် ဦးဝီရသူအား Time magazine မှ ဗုဒ္ဓဘာသာ အကြမ်းဖက်သူ အဖြစ်ဖော်ပြသည်ကို ရှုတ်ချပါသည်။ 


Wednesday, June 19, 2013

မာတာ ယထာ


တစ်ယောက်တည်းသား စောင့်ရှောက်ထားသို့၊
မြတ်နိုးတတ်စွာ မွေးမာတာကို၊
ပမာထားပြု မေတ္တာပြုဟု၊
သုံးလူထွတ်ရှင် ဟောမြွက်တင်၏။



ဘုရားရှင်သည် မာတာ ယထာ - အမေကဲ့သို့ ဟူသောစကားတော်ကို မေတ္တသုတ်တော်တွင် ဟောကြား ထားသည်။

သတ္တ၀ါများအား မေတ္တာထားရမည့် သူမျိုးတွင်ထားရှိရမည့် စံ တစ်ခု အနေဖြင့် မာတာ ယထာ- အမေကဲ့ သို့ ဟုဟောထားခြင်းဖြစ်သည်။
………………………………….

နေ၀င်ရိုးရီအချိန်ကလေးတစ်စုလမ်းပေါ်တွင် ဆော့ကစားနေကြသည်။

ထိုစဉ် နွားရိုင်းတစ်အုပ် ပြေးလာသည်။ လူကြီးသူမများက ကလေးများကို အော်ကြီးဟစ်ကျယ် သတိပေးကြ သည်။ တစ်ချို့ကလေးများ အိမ်အတွင်းသို့ အပြေးဝင်ကြသည်။ 

ကလေးတစ်ယောက် ကြောက်အား လန့်အားဖြင့် မင်သက်မိနေသည်။ 
အရှေ့ဆုံးနွားကတိုက်မိလိုက်သဖြင့် ကလေးငယ်လဲကျသွားပြီ။
နောက်မှတစ်တန်းကြီးပါလာသော နွားများအောက်သို့ ကျလုလု …။

ထိုစဉ်အမေဖြစ်သူက နွားများအကြားပြေးဝင်ပြီး သားကိုကယ်သည်။ 
အဖြစ်အပျက်သည် အင်မတန်လျင်မြန်သည်။
သားငယ်ကို ရင်ခွင်ပိုက်ထားသော မိခင်သည်  တိုးဝှေ့သွားကြသည့် နွားများကြောင့် သွေးချင်းချင်း ရဲသည်။

အမေ့မေတ္တာဖြင့် သားငယ်ဘေးကင်းခဲ့သည်။
အမေ့မေတ္တာဖြင့် နှစ်ကြိမ်မြောက် မွေးဖွားပေးခြင်းခံလိုက်ရသည်သား..။

နောက်တော့ အမေကပြန်ပြောပြသည်။
ငါ့သားရယ် အဲတုန်းက ငါ့သားကိုနွားတိုက်မိလို့ ဒဏ်ရာနဲ့ အိပ်ယာထဲလဲနေလို့အမေ ဆေးလိမ်းပေးရတာ တစ်ပတ်လောက် ကြာတယ်ကွဲ့..။

ထိုစကားများပြောနေသော အမေ့ကိုသေချာကြည့်မိတော့ …..
ကျနော့်ကို နွားခြေထောက်အောက်ဝင်ပြီးကယ်ခဲ့စဉ်က ဒဏ်ရာများကို ခန္ဓာကိုယ်အနှံ အထင်းသား
တွေ့မြင်နေရဆဲပါ။
 
သားသမီးများ အတွက် တစ်ပတ်စာ ဒုက္ခကိုသာ သိမြင်တတ်ပြီး
မိမိရဲ့ဘ၀တစ်သက်စာဒဏ်ရာများနှင့် ကျေနပ်နေသူဆိုတာ အမေများရယ်ပါ။

Sunday, June 16, 2013

ပျော်စရာ ကောင်းသည်


ကောင်းမှုဖြင့် ပျော်၊ မကောင်း ပျော်၊ အပျော်နှစ်မျိုးရှိပါသည်။

အပူဓာတ်ကင်း၊ ငြိမ်းချမ်းခြင်း၊ ပျော်လျင် မြတ်နိုးရာ။

ကိုယ် စိတ် မငြိမ်း၊ အပူကိန်း၊ ရှောင်တိမ်း မပျော်ရာ။



ပျော်စရာသည် ကာမဂုဏ်ဖြင့် ပျော်ရသည်က တစ်မျိုး၊
မြတ် ဓမ္မကို ကျင့်သုံးလိုက်နာခြင်းဖြင့် ပျော်ရ သည်က တစ်မျိုးဟု နှစ်မျိုးရှိသည်။

ကာမဂုဏ်ဖြင့် ပျော်ရခြင်းသည် အပူဓာတ်ဖြင့် ပျော်ရခြင်းဖြစ်သည်။
ဓမ္မဖြင့် ပျော်ရခြင်းသည် အအေးဓာတ်၊ အငြိမ်းဓာတ်ဖြင့် ပျော်ရခြင်းဖြစ်သည်။

တစ်ခါက မြတ်စွာဘုရားသည် သာဝတ္ထိမြို့တော်ကြီးတွင် သီတင်းသုံးတော်မူနေခိုက်ဖြစ်သည်။
သာဝတ္တိတစ်မြို့လုံးသည် အုန်းအုန်းကျွက်ကျွက်ဖြင့် ပျော်မြူးနေကြသည်။
ထိုပျော်ပွဲကြီးကို ဗာလနက္ခတ္တပွဲသဘင်ဟုခေါ်ကြသည်။

လူများရမ်းရမ်းကားကားပျော်ကြသည်။ မြင်မကောင်းအောင် လိမ်းခြယ်ပြင်ဆင်ကြသည်။
နားမခံသာအောင် အော်ဟစ်သီးကျူးကြသည်။ ယဉ်ကျေးသူများ အနေခက်အောင် လိုက်လံ၊ နောက်ပြောင်၊

 နှောက်ယှက်ကြသည်။ သူတော်စင်များ အခက်တွေ့သည့် ပွဲတော်ကြီးဖြစ်သည်။

ထိုပွဲတော်ကြီးခုနှစ်ရက်တာကာလ ကျင်းပနေခိုက် ဇေတ၀န်ကျောင်းတော်ကြီးတွင်လည်း
ဓမ္မဖြင့် မွေ့လျော်သူတို့ဖြင့် စည်ကားနေသည်။
သာဝတ္တိမြို့ကြီးသည် ငါးကုဋေခန့်သော သူတော်စင်များဖြင့် ငြိမ်းချမ်း၊ တည်ငြိမ်စွာဖြင့် ပျော်ကြပြန်သည်။

ထိုငါးကုဋေသော သူတော်စင်များသည် မြတ်ဘုရားအားလျောက်ထားကြသည်။
မြတ်စွာဘုရား၊ သာဝတ္ထိမြို့အတွင်း ဗာလနက္ခတ္တပွဲသဘင်ကို ခုနှစ်ရက်ကြာ ကျင်းပနေကြပါသည်ဘုရား။
လူအများရမ်းကားကြသည်။ မြင်မကောင်း၊ ရှုမကောင်းအောင် ဆိုးသွမ်းကြသည်။
ထိုပွဲတော်ကာလအတွင်းမြို့အတွင်းသို့ ဆွမ်းခံကြွတော်မူပါနှင့်ဘုရား။
ဘုရားတပည့်တော်များ ကျောင်းသို့လာရောက်ပို့ဆောင်ကြပါမည်ဘုရား။

မြတ်ဘုရားသည် ဒကာ ဒကာမများ၏ လျောက်ထားချက်ကို လက်ခံတော်မူသည်။
ပွဲတော်အတွင်း မြို့အတွင်းသို့ ဆွမ်းခံကြွတော်မမူပေ။
ဒကာ ဒကာမများ ကပ်လှူသော ဆွမ်းဖြင့်သာမျှတတော်မူသည်။

ပွဲတော်ကာလပြီးသော် ရှစ်ရက်မြောက်နေ့တွင် ဒကာဒကာမများသည် ဘုရားရှင်နှင့်တကွ သံဃာတော် များကို ပင့်ဖိတ်ပြီး ပွဲအတွင်းကြီးကျယ်သော ဆွမ်းလှူပွဲကျင်းပကြသည်။

ထိုအလှူပွဲကြီးတွင် အလှူရှင်သူတော်စင်များက ရှင်တော်ဘုရား..၊ ဘုရားတပည့်တော်များ ဗာလနက္ခတ္တ ပွဲတော် ကာလ အတွင်း မကြား ချင်သောအသံများကိုကြားကြရပါသည်။ 
မမြင်ချင်သော အရာတို့ကို မြင်ရပါသည်။ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် နေထိုင်ကြရပါသည်။

ဘုရားတပည့်တော်များ မြို့အတွင်း မ၀င်သလို၊ ရှင်တော်မြတ်ဘုရားနှင့် တပည့်သားများလည်း မြို့တော် အတွင်း ကြွတော် မမူခဲ့ပါဘုရား..ဟု ငြိမ်းချမ်းစွာနေလိုသော သူများကလည်း လျောက်ထားကြသည်။

ထိုအခါ မြတ်ဘုရားက ..ပညာမဲ့မိုက်မည်းသူများသည် မေ့လျော့ခြင်းကို ခုံမင်ကြကုန်၏။
သူတော်စင်များကား မမေ့မလျော့ခြင်းကို မြတ်နိုးကြကုန်၏။

ကာမဂုဏ်ပျော်( အပူပျော်) ကို အားမထုတ်ကြကုန်လင့်။
ဓမ္မဖြင့်ပျော်( အအေး၊ အငြိမ်) ပျော်ခြင်းသည်သာ အငြိမ်းဓာတ်များ ကိန်းရာ မြတ်နိဗ္ဗာန်ရောက်
ကြောင်းဖြစ် ပေသည်..ဟု ဟောကြားတော်မူသည်။

တရားဆုံးသော် အငြိမ်းဓာတ်ဖြင့် အပူကင်းကြသော သူတို့သည် ပျော်ရွှင်စွာဖြင့် သာဓုခေါ်ကြည်နူးကြ ရသည်။

....................................................
ဓမ္မပဒ၊ ဗာလနက္ခတ္တ၀တ္ထုကို ရေးဖွဲ့ပါသည်။

Tuesday, June 11, 2013

သီဟသေနာပတိ သုတ္တံ


ကေပုပ္ဖံ ဧကောဒကံ။
ပူဇေနာပိ သုခံ လဘေ။


ပန်းတစ်ပွင့် ရေတစ်ခွက် ပူဇော်ခြင်းအားဖြင့်လည်း ပစ္စပ္ပုန် တမလွန်နှစ်တန်သော ဘ၀တွင် ချမ်းကိုရစေ တတ်သည်။ 
ပးကမ်း လှူဒါန်းခြင်းကို ကောင်းသော အရာ တစ်ခု အဖြစ် လူသားတိုင်း ဘာသာတိုင်းက မြတ်နိုးစွာ လက်ခံကြသည်။


တစ်ခါက ဘုရားရှင် မဟာဝန်တော ကုဋာဂါရကျောင်းတိုက်၌ သီတင်းသုံးတော်မူစဉ်က သီဟစစ်သူကြီး 
သည် ဘုရားရှင်ထံမှောက်သို့ ရောက်လာပြီး ဒါနနှင့်ပတ်သက်သော မေးခွန်းတစ်ချို့ မေးဖူးသည်။

ရှင်တော်ဘုရား၊ အလှူပေးတဲ့ အတွက် ယခုလက်ရှိဘ၀ရရှိမယ့် အကျိုးများကို ဟောပြနိုင်ပါလားဘုရား။
သီဟစစ်သူကြီး အလှူပေးလိုက်လက်ငင်းရမယ့် အကျိုးများကိုပြခြင်းငှာတတ်နိုင်ပါတယ်။

၁။ ပေးလှူတတ်တဲ့ အလှူရှင်ကို လူအများက ချစ်ခင်ကြတယ်။

၂။ နောက်တစ်မျိုးက အလှူရှင်ထံကို တည်ကြည်ငြိမ်းချမ်းသော စိတ်ဓာတ် ပိုင်ရှင်သူတော်စင်များ လာရောက် တတ်ကြတယ်။

၃။ နောက်တစ်မျိုးက အလှူရှင်သည် ထင်ပေါ်ကျော်ကြားရသည်။

၎။နောက်တစ်မျိုးက အလှူရှင်များသည် လူများအလယ် ပရိသတ်အကြား ရဲရဲဝံ့ဝံ့သွားလာလှုပ်ရှားနိုင်တယ်။

၅။ နောက်တစ်မျိုးက အလှူရှင်များဟာ ဒီဘ၀ ဒီခန္ဓာစွန့်ရမယ့် နောက်ဆုံး အချိန်မျိုးမှာ စိတ်ကြည်လင်နေ တတ်တယ် သေလွန်ပြီးနောက် နောက်ဘ၀များတွင် ကောင်းရာသုဂတိဖြစ်တဲ့ နတ်ဘုံနတ်နန်းဖြစ်ရတယ်..။

ဘုရားရှင်မိန့်ကြားသော ထိုစကားကြားရသည့် သီဟစစ်သူကြီးသည်..
 
ရှင်တော်မြတ်ဘုရား၊ တပည့်တော်သည် အရှင်မြတ်ဘုရားဟောလို့လက်ခံရသည့် သဘောမျိုး မဟုတ်ပဲ၊ ကိုယ်တွေ့အားဖြင့် လက်ရှိရမယ့် ပစ္စုပ္ပန် အကျိုးလေးပါးကို ခံစားသိရှိပါတယ်ဘုရား။

တပည့်တော်က ပေးလှူတတ်တော့ လူအများချစ်ခင်ကြပါတယ်။
ပြီးတော့ တည်ကြည်လေးမြတ်စိတ်ဓာတ်မြင့်မားသော သူတော်စင်ကြီးများလည်း တပည့်တော်ဆီကြွလာ တတ်ကြပါတယ်။

သီဟစစ်သူကြီးက လူတိုင်းကိုပေးလှူတတ်တယ်။ သံဃာများကို ကြည်ညိုလေးစားတယ်စသည်ဖြင့် မင်း ပရိသတ်၊ သူဌေး သူကြွယ်၊ မှူး မတ် စသည်ဖြင့် ပရိသတ်အလယ်မှာ ထင်ပေါ်ကျော်ကြားရပါတယ်ဘုရား။

ထိုအခါ ဘုရားရှင်က သီဟစစ်သူကြီး၊ သင်ပြောတဲ့ လက်ရှိ လက်ငင်းရမယ့် အကျိုးလေးပါးထင်ရှားသလို၊ လက်ရှိဘ၀ခန္ဓာစွန်ရကြတော့လည်းပဲကောင်းရာသုဂတိရောက်ရတယ်ဆိုတာ ဒါနအကျိုးပင်ဖြစ်ပေတယ်။

(သီဟသေနာပတိသုတ်)